မုန်ညှင်းဖြူ ဂင်ချီလုပ်နည်း

ကဲ အိုပါးအတွက် ဂင်ချီလေး လုပ်ပေးချင်တဲ့ အိမ်ရှင်မတွေ အတွက် ဂင်ချီလုပ်နည်းကောင်းလေး မျှဝေလိုက်ပြီနော်။

– မုန်ညှင်းဖြူတစ်ထုပ်
– ဂျင်း (ကြက်သွန်ဖြူ တစ်လုံးစာလောက်)
– ကြက်သွန်မိတ် အဖြူ ( ၃-၄ စည်း )
– ကြက်သွန်ဖြူ ( ၅-၆မွှာ )
– ဆား (အထုပ်သေးတစ်၀က်/ တူစားထမင်းပန်းကန်လုံး လောက် )
– သကြား ဟင်းခတ်ဇွန်း ၂ဇွန်း
– မုန်လာဥဖြူ,မုန်လာဥနီ,သခွားသီး ( ဒါတွေက သင့်သလိုထည့်ပါ အရမ်းကြီးမများစေနဲ့ပေါ့)
– ငံပြာရည်
– ငြုတ်သီး အရောင်တင်မှုန့် or korean ငြုတ်သီးအနှစ်(city mart လိုနေရာမှာ ၀ယ်ယူနိုင်ပါတယ် )
– ရှာလကာရည်
– ဆန်မှုန့်/ကောက်ညှင်းမှုန့် လေး နည်းနည်း
– ထည့်စရာ ဘူးကြီးကြီး

(ဒါတွေက မုန်ညှင်းဖြူ တစ်ထုပ်စာ ပါ မုန်လာဥနီတွေ ဘာတွေကြိုက်တတ်ရင် ပိုထည့်လဲ ရတယ်။ကျွန်တော်ကတော့ ကိုယ့်အတိုင်းနဲ့ကိုယ် ကစ်တာပဲ)

– ပထမဆုံး မုန်ညှင်းဖြူကို ရေသေချာဆေးရမယ်
ဆားနဲ့ပါ ပွတ်ဆေးပါ အရင်းနားမှာ အကျိအချွဲလိုလေးတွေ ရှိတတ်တယ်

– ရေသေချာဆေးပီးဘီဆိုရင် အရွက်တွေကြားထဲကို ဆားတွေသိပ်ပါမယ်(အထုပ်လိုက်လေးပဲထားမယ်နော်) အရွက်တိုင်းကို ဆားနဲသိပ်ပီးရင်ဘူးလေးတစ်ခုနဲ့ ထည့် ၁၀ နာရီလောက် နပ်ထားရပါမယ်။ ( ညအိပ်ခါနီး သိပ်ထားလိုက်ပေါ့)

– ပီးရင်တော့ ရေသေချာပြန်ဆေးရပါမယ်။

– မုန်ညှင်းဖြူကို တစ်လုပ်စာ size လေးတွေလှီးမယ် (အထုပ်လိုက်သိပ်ချင်လဲရတယ်)

– ဂျင်းလေးတွေက သေးသေးလေးတွေလှီး တစ်ပြားရိုက်ထား

– ကြက်သွန်မိတ်လေးတွေ 1cm လောက်လှီးမယ်။

– ကြက်သွန်ဖြူလေးတွေလဲ တစ်ပြားရိုက်

– မုန်လာဥ ဖြူနီ သခွားသီး လေးတွေကို အရှည်လေးတွေ ပါးပါးလှီးပီးတော့

– ဇလုံကြီးကြီးတစ်ခုထဲမှာ အကုန်လုံးကို ရောပီး အားရပါရနယ်ပါ ။

– ဆား ကို အငံအပေါ့ မြည်းကြည့်ပီးထည့်ပါ

– အရောင်တင်ငြုတ်သီးမှုန့် ကလဲ များများထည့်ရမယ် ချိန်ဆပီးတော့ ထည့်လိုက်မြည်းလိုက်ပေါ့။

– ရှာလကာရည် ၅ဇွန်းလောက်နဲ့ ဆန်မှုန့်နဲ ကောက်ညှင်းမှုန့် ၂ဇွန်းလောက် (ဆန်မှုန့်နဲ့ကောက်ညှင်းမထည့်လဲရ) ထည့်ရတာက မြန်မြန် အချဉ်ပေါက်စေချင်လို့ပါ

စေးနေ အောင်နယ်ပြီးပြီ ဆိုရင်တော့ ထည့်စရာဘူးလေးထဲကိုထည့်လုံအောင်ပိတ် ရေခဲသေတ္တာထဲမှာ ၄ ရက်ကနေ ၇ ရက် ထားပေးလိုက်ပါ။

(၄ ရက်လောက်ဆို စစားလို့ရပီ ၇ ရက်လောက်ဆို အချဉ်ကောင်းကောင်းပေါက်နေပါပြီ) 🤗🤗

Credit : မူရင်းရေးသားသူ