ပူပူစပ်စပ် အမဲကြောစွပ် အရည်သောက်ဆမ်း ချက်နည်း

ကိုယ်ခံအားကောင်းပီး ခုခံအားမြင့်မားစေတယ်။ ကြက်စွပ်ပြုတ်ချည်း သောက်နေရတာငြီးငွေ့ရင် အမဲကြောစွပ်လေး ပြောင်းသောက်ကြည့်နော်။

အမဲကြောကို အနေတော်လှီးပြီး အရင်ဆုံး သန့်စင်အောင်လုပ်ပါမယ်။ ဆားဖြင့်ပွတ်ပြီး ဆေးရင် အညှီနံ သက်သာတယ်။

ပြီးရင် ဂျင်း သကြား ဆားထည့်ပြီး ဝါးလို့သည်အထိနူးအောင်ပြုတ်ပါ။ ရေခမ်းရင် ရေထပ်ရောပြီး စပါးလင် ငရုတ်သီး ကြက်သွန်နီ ကြက်သွန်ဖြူထည့်ပါ။

စားခါနီးရင် ပင်စိမ်း ရှမ်းနံနံအုပ်ပါ။ စားသုံးချိန်တွင် သံပုရာရည်ပါ ညှစ်ပြီး သုံးဆောင်နိုင်ပါတယ်။

Credit : Phyu Thin Ko