အိမ်မှာ အလွယ်တကူ ကြော်စားလို့ရတဲ့ အကြော်စုံများ

အိမ်မှာ အလွတ်တကူ ကြော်စားလို့ရပါတယ်။ ရွှေလိပ်ပြာတံဆိပ် အကြော်မှုန့်နဲ့ ကြော်တာပါ။ အကြော်မှုန့်ကို ဆားအနည်းငယ်ထည့် ရေနဲ့ ပျစ်ပျစ် ဖျော်ထားပြီး နှစ်သက်တဲ့ အသီးအရွက်တွေနဲ့ ကြော်စားလို့ရပါတယ်။

အရည်ဖျော်ပြီး နာရီ၀က်လောက်တော့ နှပ်ထားပါ။ အကြော်အတွက် အရေးကြီးတာက အချဉ်ရည် ဖျော်နည်းပါ။ ကျွန်တော် ဖျော်တဲ့ အချဉ်ရည်ဖျော်နည်း ရေးပေးပါမယ်။

မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူနဲ့ ဆယ်မိနစ်လောက် စိမ်ပါ။ ပြီးရင် အရည်မပျစ်တပျစ်လေး ဖျော်ပါ။ မလိုအပ်တဲ့ အဖတ်တွေ ဆယ်ထုတ်ထားပါ။ ငန်ပြာရည် ထည့်ပါ။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ထောင်းထည့်ပါ။ သကြား အနည်းငယ်နဲ့ ငရုတ်သီး အလှော်မှုန့် ထည့်ပါ။ နံနံပင် ပါးပါးလှီးထည့်ပါ။

အကြော်နဲ့ တို့စားတော့မယ်ဆိုမှ ပဲအကျက်မှုန့် ထည့်မွှေလိုက်ပါ။ ပုစွန်ခြောက်မှုန့် နှစ်သက်ရင်လည်း ထည့်စားလို့ရပါတယ်။

Credit : ခန့်ခန့်ကြီး