ထမင်းအိုး ဒယ်အိုး အောက်ခြေမှာ တက်နေတဲ့ အိုးမဲတွေ ပြောင်ပြီး အသစ်လို ပြန်ဖြစ်သွားစေမည့် နည်းလမ်း

အိမ်ရှင်မတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ တစ်ခုကတော့ အသုံးပြုနေတဲ့ ဒယ်အိုးတွေ၊ ထမင်းအိုးတွေ၊ ရေနွေးအိုးတွေရဲ့ အောက်ခြေမှာ တိုက်ချွတ်ရခက်တဲ့ အိုးမဲတွေ တက်နေတာပါ။

ဘယ်လို ဆပ်ပြာ၊ ဆပ်ပြာဆီတွေပဲသုံးသုံး တိုက်ချွတ်လို့မရပဲ အင်မတန်မှကို အရုပ်ဆိုးအကျည်းတန်တာကိုတော့ လူတိုင်း တွေ့ကြုံနေရတာပါ။

ဒီနေ့တော့ အိမ်ရှင်မများအတွက် ဘယ်လိုနည်းလမ်းနဲ့ လုပ်ရင် ဒယ်အိုးက အိုးမဲတွေ ပြောင်ပြီး အသစ်လို ပြောင်လက်သွားမလဲဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းကတော့

ပျော့နေတဲ့ ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး (ဈေးထဲမှာဆိုရင် အလကားတောင် တောင်းယူလို့ ရပါတယ်)။ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီး ၃-၄ လုံးလောက်ကို ပါးပါးလှီးကာ အ၀ကျယ် ဒယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိ ကျိုလိုက်ပါ။

အိုးမဲချွတ်လိုတဲ့ အိုးတွေ ခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ။ ၃ မိနစ်ကနေ ၅ မိနစ် ရှိပြီဆိုရင် ခါတိုင်း သုံးနေတဲ့ ဆပ်ပြာဆီနဲ့ ဖော့ကို အသုံးပြုကာ ပွတ်ချလိုက်ပါ။ ဒယ်အိုး အောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲ ဖြစ်ပါတယ်။

အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်း ပါးတဲ့ နည်းပါ။ မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်ပါ။ သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်။

Credit : Original Writer