EPC မလို ဆိုလာ၊ အင်ဗက်တာနဲ့ ဘက်ထရီတွေကို ယခု နည်းအတိုင်း တွက်ချက် အသုံးပြုပါ

ခုတလော ဆိုလာဆင်ဖို့ မေးသူတွေက အဲကွန်း ဘယ်လောက်သုံးလို့ရလဲ။ဘယ်နှစ်ကောင်နိုင်သလဲ စသဖြင့် အမေးများပါတယ်။ ဆိုလာစနစ်မှာနေ့လည်ဘက် နေပူချိန် နိုင်နင်းပေမယ့် ညနေဘက် နေကျသွားပြီဆိုတဲ့ အခါ ဘကၳရီမှာ သိုလှောင်ထားတဲ့ အားနဲ့ပေးရတာဖြစ်လို့ အကန့်အသတ်က ရှိပါတယ်။ စမ်းသပ်ထားမှုအရ lithium battery 48V/200 Ah အိုးကို အဲကွန်း inverter type 1 hp နဲ့မောင်းရင် ၁၄ နာရီရပါတယ်။

ဒါက အဲကွန်းတစ်လုံးတည်း မောင်းတာပါ။အိမ်တွေရဲ့ သေဘာအရ ညဘက်ဆိုရင် lighting/tv/Wi-Fi/ကွန်ပြူတာစတဲ့ အထွေထွေအသုံးတွေလည်း ရှိသေးလို့ အဲဒီ watt တွေ ထည့်တွက်ရင် အဲကွန်းမောင်းလို့ရတဲ့အချိန် လျော့သွားပါမယ်။ ကျွန်တော့် အိမ်မှာဆိုရင် ညမှောင်တာနဲ့lighting အပါအဝင် အေထြေထြအသုံးက watt 700/800 အနည်းဆုံး ရှိနေပါတယ်။ ဒါက အဲကွန်းတစ်ကောင်အား တစ်လုံးမောင်းနေတာလောက် ရှိပါတယ်။

အဲကွန်းတောင် အအေးနှုန်းကို ၂၅ လောက်ထားရင် အခန်းအေးတာနဲ့ ကြန္ပရက္စာက ဖြတ်လိုက်၊ အအေးလျော့ရင် ပြန်မောင်းလိုက်ရှိသေးလို့ တသမတ်တည်းဆွဲနေတယ်လို့ မပြောနိုင်ဘူး။ အခုန အိမ်အသုံး 700/800 W က တသတ်မတ်တည်း (continuous) ဆွဲနေတာပါ။ ဒီကြားထဲ ရေနွေးတည်လိုက်၊ထမင်းပေါင်းအိုးတည်လိုက်၊ရေသုံးရင် pressure pump က မောင်းလိုက်နဲ့ဆို watt 1500လောက်ဖြစ်သွားတာက ခဏခဏပါ။

ဒီတော့ lithium battery 48V/200 Ah ထည့်ထားတာတောင် အဲကွန်းကို အကြာကြီးသုံးလို့မရပါဘူး။ ကိုယ္က load သုံးတာများလို့ပါ။ နေ့လည်ဘက်ကျတော့ ဆိုလာက နိုင်နိုင်နင်းနင်းရတဲ့အတွက် ပြသနာမရှိပါဘူး။အဲကွန်း 1hp/1.5 hp တစ်လုံးသုံးမယ်ဆိုရင် အနည်းဆုံးဆိုလာဝပ် ၁၆၀၀/၂၄၀၀ တပ်ထားရပါမယ်။၂ လုံးသုံးမယ္ဆို ဝပ် ၃၂၀၀/၃၆၀၀ တပ်ရပါမယ်။ ဒါ့ကြောင့် နေ့လည်ဘက် အဓိက သုံးမယ့် ဆိုင်ခန်း/ ရုံးခန်း/အလုပ်ခန်းတွေအတွက် ဘကၳရီအပေါ် တအား မွီခိုစရာမလိုပဲ သင့်တင့်တဲ့ ဘကၳရီ တပ်လို့ရပါတယ်။ ညဘက်ဆိုရင်တော့ lighting လောက်သုံးရင် မနက်အထိရမှာပါ။

ညဘက် အဓိက သုံးမယ့်အိမ်တွေအတွက်ကျ မီးပျက်တာကြာရင် အဲကွန်းကို ညလုံးပေါက်(သို့)၆နာရီ ၇ နာရီ ဆက်တိုက်မောင်းဖို့ဆိုတာ ဘက္ထီ Ah ကြီးတာ မ်ားမ်ား တပ်ထားမှသာရနိုင်ပါတယ်။ ကုန်ကျစရိတ်တွေ များပါမယ်။ ဆိုလာ တပ္တယ္ဆိုတာ ကုန်ကျစရိတ်များ တဲ့အတွက် ကိုယ္က အများကြီး မျှော်လင့်ထားပြီး စိတ်ကျေနပ်မှုမရှိမှာစိုးလို့ပါ။

ကျွန်တော်ကတော့ 5KW inverter, solar 3200 W, Lifepo4 battery 48v/200 Ah တပ်ထားပြီး တစ်နေကုန် စိတ်ကြိုက်သုံးပါတယ်။ epc လုံးဝ မလိုပါဘူး။မီးလာလာ၊ပျက်ပျက် ဆိုလာနဲ့ အင်ဗာတာက သူ့အလုပ်သူလုပ်နေတာ ကျေနပ်စရာကောင်းပါတယ်။ ညေန ၄ နာရီကျော် ၅ နာရီလောက်က စပြီးနေကျလာရင် ဆိုလာအထွက်နည်းလာပါတယ်။

အဲဒီအချိန်ကစပြီး အဲကွန်းမောင်းမယ်ဆိုရင် အျခား load တွေရောဆို ည ၁၁ လောက်နဲ့ အားကုန်သွားမယ့်သဘောပါ။ ဒီတော့ ညေန/ညပိုင်း အဲကွန်းဖွင့်ချင်တော့ မီးလိုင်းကိုခွဲပြီးchange over ခံ။ နေ့ပိုင်းကို inverter မွာထား၊ ညပိုင်းကို epc ကိုရွှေ့နဲ့ အဲကွန်းတစ်လိုင်းပဲ epc နဲ့ ဖွင့်၊ ကျန် တစ်အိမ်လုံးကို အင်ဗာတာကပဲ ပေးတဲ့ပုံစံ သုံးပါတယ်။ မီးပျက်ရင်တော့ ပန်ကာလောက်ဖွင့်ပါတယ်။

အဲကွန်းဖွင့်ချင်ရင် load တွေ လိုက်လျှော့ ပြီးမှဖွင့်တယ်။ lighting/wifi လောက် သုံးတာပေါ့။ ဒါ့ကြောင့် တစ်ညလုံးမီးပျက်ရင် ဘကၳရီနဲ့ အဲကွန်းတစ်လုံးဖွင့်အိပ်မယ် စဉ်းစားရင် တော်ရုံအိုးနဲ့တော့ နိုင်ဖို့ခက်ပါတယ်။ မီးလာလိုက်၊ပျက်လိုက်ဆိုတာမျိုးဆိုရင်တော့ လာရင် epc က ပေး ပျက်ရင်ဘကၳရီကပေး ဆိုတဲ့ပုံစံဆို အဆင်ပြေနိုင်တယ်။

အင်ဗာတာမှာတော့ setting ကို လိုသလို ထားပေးလို့ရပါတယ်။ ဘကၳရီအိုးထဲမှာ မီးပျက်ချိန်အတွက် back upထားပေးဖို့ ဘကၳရီ ဘယ်နှစ်ဗို့ ရောက်ရင် epc ချိန်းပါ ဆိုတာမျိုး ပေးထားရင် သတ်မှတ်ဗို့ကိုရောက်တာနဲ့ EPC ကို by pass လုပ်ပေးတာပါ။ အဲအချိန် မီးပျက်သွားရင် ဘကၳရီထဲ ကျန်တဲ့ အားနဲ့ မီးဆက်ပေးပါတယ်။ မီးပြန်လာတာနဲ့ ဘကၳရီကို ဖြတ်ချလိုက်ပြီးepc နဲ့ ပြန်ပေးပါတယ်။

ဆိုလာနဲ့အဲကွန်းသုံးမယ့်သူများ နေ့ဘက်ကတော့ စိတ်ကြိုက်သုံးနိုင်ပေမယ့် ညဘက္ကေတာ့ ချွေတာသုံးရမယ့်သဘောပါ။ တစ်ညလုံးမီးပျက်ခဲ့ရင် တစ္ည လုံးနိုင်အောင်ပေးဖို့ကတော့ ဘကၳရီ အင်ပီယာ များတဲ့အိုးတွေ ထပ်တပ်ရပါမယ်။

Credit : NEC Solar Natural Energy Co.