LED မီးသီး ပြင်နည်း

အိမ်သုံး ၂၂၀ ဗို့ Led မီးသီး မီးချောင်းတွေ အများကြီး စျေးကွက်ထဲမှာရော အိမ်မှာသုံးနေကျတာရောအများကြီးရှိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်တို့အသုံးများတဲ့ မီးသီးလေးတွေ စျေးသက်သာတာလေးတွေထဲက ကျွန်တော်လည်း အိမ်မှာ ဝယ်ပြီးသုံးနေရင်း ပျက်သွားတာလေးတွေ ကိုပြင်သုံးရင်း ပြန်လည်ဝေမျှပေးခြင်းပါ။ အသုံးတည့်သူလဲ ရှိမယ် မတည့်သူလဲရှိမယ် အဆင်ပြေတဲ့သူ ယူပြီးသုံးပေါ့ လူတိုင်းနဲ့တော့ ကိုက်ညီမယ်တော့ မထင်ဘူးလေ။

မီးသီးတွေက ကြာကြာလဲ မခံပါဘူး ခဏခဏ ပျက်ကျတယ်လေ။ ပြင်လို့ရတာလေးတွေ ပြင်သုံးရင် အကောင်းလေး ပြန်ရတော့ အဝယ် သက်သာတာပေါ့။ မီးသီးတွေက တစ်လုံးကျွမ်းရင် အကုန်မရင်းတော့ဘူးလေ။ အဲတော့ အပျက်လုံးရှာပြီး ထည့်နိင်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ မိတ်ဆွေတို့ကို ဖြတ်လမ်းနည်းနဲ့ တတ်အောင် လုပ်ပြတာပါ။ ကျန်တာတွေ ရှင်းမပြသေးတာပါ။ နောက်တော့ အလုပ်လုပ်ပုံတွေ ရှင်းပြပေးပါမယ်။

မီးသီးလေးတွေက တစ်လုံးချင်း 6v လေးတွေ များပါတယ်။ ကောင်းမကောင်းလဲ စမ်းနည်း တင်ထားတယ်။ ပြန်လေ့လာပြီး ပေါင်းစပ် ပြင်ဆင်ပေါ့။ ဘယ်အရာမှတော့ လွယ်လွယ် မရဘူးနော်။ လုပ်ရင်း လုပ်ရင်း သဘောပေါက်လာလိမ့်မယ်။ တစ်လုံးမရ နောက်တစ်လုံးပေါ့နော် တချိန်တော့ ရလာမှာပါ။ ကျွန်တော်လည်း စာရေးဆရာ မဟုတ် ပညာရှင်လည်း မဟုတ်ပါဘူး။ လုပ်တတ်တာလေးပြန်လည် တင်ပေးတာပါ အဆင်ပြေသူယူသုံးပါ။

ဆက်လက်ကြိုးစားပါဦးမည်။

ကိုသီဟဆွေ(သုံးရောင်ခြယ်)ဇလွန်