သနပ်ခါး ဝယ်တဲ့အခါ အလိမ်မခံရအောင် အတု အစစ် ခွဲခြားနည်း

မြန်မာမလေးတွေမှန်ရင် မြန်မာ့သနပ်ခါးတော့ ကြိုက်ကြမှာပဲ။

သနပ်ခါးနံ့လေးရဲ့ သင်းရနံ့ဟာ လူးတဲ့သူကိုရော မွှေးကြိုင်စေသလို အနားက ဖြတ်သွားတဲ့သူကိုတောင်မှ အနံ့လေးရရင် စိတ်ကြည်လင်စေတယ်။

ဒါပေမယ့် တခါတလေ သနပ်ခါးတုံးဝယ်ပြီးမှ သနပ်ခါးနံ့ မရတာ၊ မမွှေးတာ၊ လိမ်းရင် ညက်ညက်လေး မဖြစ်တာတွေ ကြုံရတယ်။ ဘာလို့လဲ။ သနပ်ခါးအတုဖြစ်တဲ့ သစ်ပုလွေတုံးတွေကို ဝယ်မိတာမို့လိုပါ။

သနပ်ခါးကလည်း သူ့တန်ကြေးတဲ့သူ ဈေးကြီးတာပဲမို့ သနပ်ခါးအတု သစ်ပုလွေကို ဝယ်မိရင် ဝယ်လိုက်မိတဲ့ ပိုက်ဆံကို နှမျောပြီး စိတ်တိုရပြီပေါ့။ ဒီတစ်ခါမှာတော့ သနပ်ခါးနဲ့ သစ်ပုလွေ ခွဲနည်းလေး ပြောပြချင်တယ်။

သစ်ပုလွေဆိုတာ သနပ်ခါးနဲ့ အင်မတန်မှ ချွတ်စွတ်တူတယ်။ ပုံထဲမှာ သနပ်ခါးနဲ့ သစ်ပုလွေ ခွဲခြားနိုင်အောင် ပြထားပါတယ်။ သေချာကြည့်ပါ။ အတွင်းထဲမှာ အရစ်အကွင်းပါသော အတုံးသေးတွေက သစ်ပုလွေပါ။ သနပ်ခါးကတော့ အတွင်းသားမှာ အရစ်အကွင်း မပါဘူး။ ဒါမှ သနပ်ခါး စစ်စစ်ပါ၊။

ဒီလိုလေး ခွဲခြားသိထားရင် သနပ်ခါး ဝယ်တဲ့အခါ အညာမခံရတော့ဘူးပေါ့… အတုအစစ် ခွဲခြားနည်းလေး သေချာ မှတ်သားထားပြီး အတုဝယ်ယူမိခြင်းမှ ကင်းဝေးကြပါစေ….။

Credit : မူရင်းရေးသားသူ