အောက်ဆီဂျင်အိုး အသုံးပြုပုံ အဆင့်ဆင့်

အောက်ဆီဂျင် ငှါးရမ်းပါက

ပုံ ( ၁ ) တွင်ပြထားသည့်အတိုင်း စလင်ဒါအိုးနှင့်အတူ Flowmeter Set တစ်ဘူး တစ်ခါတည်း ပါရပါမည် ။

ပုံ ( ၂ ) တွင် ပြထားသည့်အတိုင်း Flowmeter setတွင် A,B,C ပစ္စည်း ( ၃ ) မျိုး ပါရပါမည် ။

ပုံ ( ၃ ) တွင်ပြထားသကဲ့သို့ “A” ပစ္စည်းဖြစ်သော ရေဘူးကို အဖုံးလှည့်ဖွင့်ပါ။ ထိုဘူးထဲသို့ ရေဖြည့်ပါ ။( Lower level နှင့် Upper level ကြား)၊ အဖုံးကို လုံအောင်ပြန်လှည့်ပိတ်ပါ ။

ပုံ ( ၄ ) တွင်ပြထားသည့်အတိုင်း ရေထဲ့ထားသည့် ရေဘူး”A” ကို မီတာပါသည့် “B” တွင် မြှားပြထားသည့်နေရာ”AB” မှ လှည့်၍ တပ်ဆင်ပါ ။ ရေဘူး”A”၏ ငုတ်တွင် အောက်ဆီဂျင် ရှူသည့်ပိုက် “C” ကို မြှားပြထားသည့် “AC” နေရာတွင် ထိုးထဲ့ကာ တပ်ဆင်ပါ ။

ပုံ ( ၅ ) တွင်ပြထားသည့်အတိုင်း အောက်ဆီဂျင်အိုး နှင့် Flowmeter ၏ “A” အစိတ်အပိုင်း တို့အား မြှားပြထားသည့် နေရာမှ လက်ဖြင့် လှည့်၍ တပ်ဆင်ပါ ။

ပုံ ( ၆ ) တွင် ပြထားသကဲ့သို့ ဂွရှင်ကိုအသုံးပြုပြီး တင်းကျပ်စွာ တပ်ဆင်ပါ ။ (၁၀လက်မ ဂွရှင်တစ်ချောင်း ဆောင်ထားပါ) အိမ်တွင် ဂွရှင် မရှိလျှင် အောက်ဆီဂျင်အိုး ငှါးသည့်နေရာတွင် အကူအညီတောင်းပါ ။

ရေဘူးမှထွက်သည့် ပိုက်ပျော့၏ အခြားတစ်ဖက်မှ ငုတ်နှစ်ခုကို လူနာ၏ နာခေါင်းပေါက် တစ်ဖက်တစ်ခု တေ့ထည့်ကာ ​အောက်စီဂျင်ပေးပါ ။ (၄င်းပိုက်မပြုတ်စေရန်အတွက် လူနာ၏ ပါးပြင်တွင် ပိုက်ကို ပလာစတာဖြင့် ယာယီတွဲကပ်ထားသင့်သည်)

ပုံ ( ၇ ) တွင် ပြထားသကဲ့သို့ အောက်ဆီဂျင်အိုး၏ မိန်းဘား “D”ကို ၂ ပတ်ခန့် လှည့်ဖွင့်ပါ ။ မီတာ ဒိုင်ခွက်တွင် လက်တံ အပေါ်သို့ တက်လာသည်ကို တွေ့ရမည်။

ပုံ ( ၇ ) တွင်ပြထားသည့်အတိုင်း Flowmeter ၏ ထိန်းညှိဘား “E” ကို ဖြေးညင်းစွာ လှည့်ဖွင့်ပါ ။ ဖန်ပြွန်ချောင်း “F” ထဲတွင် ဘောလုံးအသေးလေး အပေါ်သို့ တက်လာမည် ဖြစ်သည်။

ထိန်းညှိဘား ” E ” ကို များများဖွင့်လျှင် ဘောလုံး အပေါ်ပိုတက်၍ နဲနဲဖွင့်လျှင် ဘောလုံးသည် အောက်နားတွင်သာ ရှိနေမည်။

ပုံမှန်အားဖြင့် ၄င်းဘောလုံးလေးသည် ဖန်ပြွန်ချောင်းတွင်ပါသော နံပတ် ( ၂ ) တွင် ရှိ​နေရန် ချိန်ထားပြီး အောက်ဆီဂျင်ရှူနိုင်သော်လည်း လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် နံပတ်တွင် ထား၍ ရှူရမည်ဖြစ်သည် ။

အောက်ဆီဂျင်အိုး ငှါးရန်းအသုံးပြုသော လူနာအပေါင်း အဆင်ပြေစွာဖြင့် အသက်ရှူဝလင်လာ ကျန်မာစေကြောင်း အစဥ်ဆန္ဒပြုလျှက်။

မိမိကိုယ်တိုင် ပုံကော စာကော စီစဥ်ထားသော ကိုယ်ပိုင် Post ဖြစ်၍ ကူးယူကာ အခြား နေရာတွင် Post တင်မည်ဆိုပါက Credit ပေးပါရန်။

စေတနာများစွာဖြင့်

တိုးလှိုင် (095156623)
(အထွေထွေအတွင်းရေးမှူး၊ သတင်းနှင့် ပြန်ကြားရေး၊ ရန်ကင်း(၅) အောက်ဆီဂျင် အခမဲ့ ကူညီပေးရေး ပရဟိတအဖွဲ့)