မိမိနေအိမ်မှာ ကွာရန်တင်း အခန်း လုပ်နည်း

မိမိနေအိမ်မှာ ကွာရန်တင်း အခန်း လုပ်နည်း

– လေဝင်အထွက်ကောင်းသော အခန်းကိုရှာပါ။ မရှိလျှင် ပလပ်စတစ်စ၊ ကန့်လန့်ကာစ ဖြင့် အခန်းဖွဲ့ပါ။

– တံခါးပိတ်ရသောအခန်းဖြစ်ပါစေ။

– အခန်းတွင်း အိပ်ယာ၊ ခြင်ထောင်၊ ထမင်းစား စားပွဲ၊ ထိုင်ခုံ သီးသန့်ထားပေးပါ။

– တွဲရက် အိမ်သာမရှိပါက အပေါ့သွားအိုး ထားပါ။ (လူနာကိုယ်တိုင် ဆေးဖြန်းပြီး သွန်ပါစေ)

– လက်ဆေးဇလုံ၊ Mask ၊လက်အိတ် ၊ ဆပ်ပြာရည်၊ Hand gel တို့ တံခါးအဝင်အထွက်မှာ ထားပေးပါ။

– လူနာကိုယ်တိုင်လုပ်စားနိုင်ရန် သောက်ရေသန့်၊ လျှပ်စစ်ရေနွေးအိုး၊ ကော်ဖီမစ်၊ မုန့်ခြောက် နှင့် အခြားစားစရာများ အခန်းတွင်း သီးသန့်ထားပေးပါ

– အိမ်သားများမှ စားစရာနှင့် အခြားပစ္စည်းများ ပေးချင်လျှင် အခန်းဝ တွင် ထားခဲ့ရန်

– လူနာကိုယ်တိုင် တိုင်းနိုင်သည့် ကိုယ်ပူတိုင်းစက် (သို့) ပြဒါးတိုင်၊ O2% တိုင်းစ်၊ သွေးပေါင်ချိန်စက်တို့ ငွေကြေးတတ်နိုင်လျှင် ဝယ်ထားပြီး တိုင်းနည်းသင်ထားပေးပါ။

– ရုံးတွေမှာသုံးတဲ့ လူခေါ်ဘယ်လ် ထားပေးပါ။ ဝီစီမှုတ် ခေါ်ရန် ဝီစီ ထားလို့ရ။

– လိုအပ်တာကိုဖုန်းနဲ့ ပြောကြား မှာကြားပါ။

– ရေချိုးခန်းအိမ်သာ အိပ်ခန်းနဲ့ တွဲရက်မရှိပါက ကိုယ်တိုင်သန့်ရှင်းရေးလုပ်နိုင်တဲ့ ဆေးဖြန်းပုံး အသေးလေး ရေချိုးခန်းအနီး စီစဉ်ထားပါ။ ဘယ်သူသုံးသုံး ရေချိုးခန်းမဝင်မီနဲ့ ဝင်ပြီး တစ်ခါစီ သန့်ရှင်းပေးပါ။

Source- 𝚂𝚎𝚒𝚗 𝙰𝚢𝚎 𝙼𝚢𝚒𝚗𝚝

Link 1