Ensure ဖျော်နည်းတဲ့ မသိသေးတဲ့ သူတွေ အတွက်ဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်

En Sure..ဟာ.. ဗူးအကြီး.. အသေးနဲ့သော်၄င်း တစ်ခါသောက် ဗူးကလေးတွေနဲ့သော်၄င်း ပုံစံအမျိုးမျိုးထုတ်ထားခဲ့ကြတာမျိုးပါ…

အရေးအကြီးဆုံးတချက်..ရှိပါတယ်… လူတချို့လဲသိကြမယ်လို့ ထင်ပါတယ်.. (သိနေတဲ့သူတွေ မဖတ်ပါနဲ့.. ကျော်သွားပါ..)။ မသိသေးတဲ့လူတွေအတွက် En Sure ရဲ့ လျို့ဝှက်ချက်လို့ ပြောရမဲ့အရာ သတိထားရမည့် အရာတစ်ခု ရှိနေခဲ့ပြီးသားပါ။

En Sure.. ဟာ အရသာမျိုးစုံ လာပါတယ်။ စတော်ဘယ်ရီအရသာ သခွားမွေးအရသာနဲ့ နို့အရသာအပြင် သဘာ၀ အရသာမျိုးလဲ လာပါတယ်။ En Sure ဆိုတာကို သောက်တဲ့အခါ အမှုန့်ကို ကိုယ်လိုသလောက် ကိုယ်သောက်မည့် ခွက်ထဲထည့်ပါ။

ပထမဦးဆုံး အဲ့အမှုန့်ကို ရေကြက်သီးနွေးလေး (အနည်းငယ်သာ အပူဓါတ်ရှိတဲ့ ရေနဲ့ ဖျော်ရပါတယ်)

ပထမဦးဆုံး ရေနဲနဲမှ နဲနဲလေးပဲ ထည့်ဖျော်ရတာပါ။ အဲ့လိုဖျော်ပြီးတဲ့ အခါကျမှ လုံး၀မပူ လုံး၀အအေးဓါတ်မရှိတဲ့ ရေနဲ့ ရောပြီး ဖျော်သောက်ရတာမျိုးပါ။

En Sure..ရဲ့ ဓါတ်သဘာ၀ဟာ ရေပူမပြောနဲ့ ရေခဲသေတ္တာထဲက ရေနဲ့လဲ ဖျော်လို့ လုံး၀မရပါ။ ဖျော်ပြီးတဲ့ အခါမှာ မပူမအေးတဲ့ သာမာန်အနေအထားပဲဘရှိနေရမှာ ဖြစ်ပါတယ်။

En Sure ကို အေးအောင်ဆိုပြီး ရေခဲသေတ္တာထဲလဲ ထားလို့မရပါဘူး။ ကော်ဖီဖျော်သောက်သလို ပူနေအောင်ပဲ ဖြစ်ဖြစ် နွေးနွေးလေး အနေအထားပဲ ဖြစ်ဖြစ် အဲ့လိုလဲ သောက်လို့မရပါ။

သဘာ၀ အရသာကို မကြိုက်လို့ဆိုပြီး ကျန်တဲ့ဘယ်လိုအရာနဲ့မှ ရောဖျော်ပြီး မသောက်ရပါ။ အချိုဓါတ်မရှိဘူး သိပ်မချိုလို့ဆိုပြီးတော့လဲ ဘာမှထပ်ရောလို့မရပါ။ En Sure ဟာ အေးတာ နွေးတာ ပူတာဖြစ်ခဲ့ရင်ဖြင့် သူ့ရဲ့ အားဖြည့်ပေးတဲ့ အာနိသင်ဟာ အလိုအလျှောက် ပျက်ပျယ်သွားတတ်တာမျိုးပါ။

အဲ့လို ဖျော်တိုက်မိတဲ့အခါ အခန့်မသင့်ရင် ၀မ်းပျက် ၀မ်းလျှောတတ်တာအပြင် ဘာအာနိသင်မှ မရှိတော့ပါဘူး။ သူ့ကို သောက်တဲ့အခါမှာလဲ မနက်အိပ်ယာထ တစ်ကြိမ်၊ ညအိပ်ယာ၀င်ကာနီး တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုက်မှ အကျိုးရှိစေတတ်သာမျိုးပါ။

စျေကြီးပေး၀ယ်ပြီး အလကား မဖြစ်ရအောင် ကိုယ့်လူမမာအတွက်လဲ အကျိုးရှိရှိ ဖျော်တတ်အောင် မေတ္တာရှေ့ထားပြီး စေတနာစကား ပါးလိုက်ပါတယ်နော်။

En Sure ဟာ လုံး၀လုံး၀ မပူရ (နွေးနွေးလေးတောင် မသောက်ရပါ) လုံး၀လုံး၀ အေးမနေရပါ။ အာနိသင် ပျက်သွားပြီး ငွေကုန်သာပဲ အဖတ်တင်မှာပါလို့။

Credit : မူရင်းရေးသားသူ