ညဘက်ခွေးတွေ တအားအူတယ်ဆိုတာ အများကြီး သေပြီး နေစရာမရှိလို့ မကျွတ်မလွတ်သေးတဲ့သရဲတစ္ဆေ တွေက သွားလာနေလို့ပါ

ညဘက်ခွေးတွေ တအားအူတယ်ဆိုတာ အများကြီး သေပြီး နေစရာမရှိလို့ မကျွတ်မလွတ်သေးတဲ့သရဲတစ္ဆေ တွေက သွားလာနေလို့ပါ။

ညနေစောင်းတာနဲ့ ပရိတ်ကြီး (၁၁)သုတ်၊ဂုဏ်တော်ကွန်ချာ၊ပဌာန်း၊ကမ္မဝါ၊ သံဗုဒ္ဓေ စတဲ့ တရားများ ဖွင့်အိပ်ပေးပါ။ ဖြစ်နိုင်ရင် တစ်ညလုံး ဖွင့်အိပ်စေလိုပါတယ်။

ညဘက် ဘုရားရှိခိုးပြီးတိုင်း မကျွတ်မလွတ်ဘဲ လမ်းမပေါ် မှာ နေရာမရတဲ့ သရဲ တစ္ဆေများ အားအမျှဝေပေးပါ။

ညနေ ၅နာရီ ကျော်ရင်အပြင်မထွက်တာ အကောင်းဆုံးပါ ။ညနေဘက် အပြင်ထွက်ပြီး ပြန်လာလာချင်း ခြေ၊လက်ဆေးကြောပါ။ ကလေးတွေနားမသွားပါနဲ့။

သန်းခေါင်ကျော်အပေါ့အပါးသွားတဲ့ အခါ ဘေး၊ဘီကို မကြည့်ပါနဲ့ ၊ဘုရားစာ ရွတ်ပြီးသွားပါ။

ဒီကာလကြီးမှာ နေရာမရတဲ့ သရဲတစ္ဆေတွေ အများကြီးဖြစ်လာတာမို့ ရှိလို့ ကပ်ပါတာ တွေဘာတွေ ဖြစ်တတ်ပါတယ်။

ဘုရား၊တရား မြဲအောင်နေ၍၍ ဂရုစိုက် ကြပါ။

Sai Aung Khant