ခြင်မလာ ခြင်ပြေးစေမည့် အလွယ်ကူဆုံး နည်းလမ်း

ပြောပြချင်လွန်းလို့ပါ (ဆရာလုပ်ခြင်းမဟုတ်ပါ) တခြားအိမ်တွေတော့ မပြောတတ်ဘူးပေါ့နော်။ ကျွန်တော့် အိမ်တော့ အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ်။ အပင်တွေကလည်း စိုက်တော့ခြင်က အောင်းတယ်လေ။ ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါ ခြင်ရိုက်ဘတ်တံနဲ့ပဲ နှစ်ပါးသွားရပါတယ်။ ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ။

“စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ် ပြေးမှန်း ခုမှသိတာ။ စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့ အပိုင်းတွေ ဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက် လေးငါးဆယ်ချောင်းလောက် ထည့်ပြီးရေစိမ်၊ အခန်းဒေါင့်လေးတွေမှာ ချထားလိုက်တာ သိသိသာသာ ခြင်တွေ မတွေ့ရတော့တာပါပဲ။

ကျွန်တော့်လို ခြင်ဆေးနံ့ မခံနိုင်တဲ့သူအတွက်တော်တော်ကို အဆင်ပြေပါတယ်။ ထပ်ခါထပ်ခါလည်း ဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေ ထွက်လာတဲ့အထိဆက်ရှင်နေမှာပါ။ ကလေးငယ်ရှိတဲ့ အိမ်တွေ ပိုအဆင်ပြေမယ် ထင်ပါတယ်။

ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်း ဝေမျှချင်တဲ့ စေတနာနဲ့ ပို့စ်တင် ရေးပေးတာပါနော်။ အရမ်းကို တတ်သိနားလည်နေလို့ မဟုတ်ပါဘူး။ (ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့် ထုတ်လုပ်ထားခြင်းကို တွေ့လို့ စမ်းကြည့်လိုက်တာ)။

တလက်စထည်း ဖတ်ဘူးတဲ့ စပါးလင် ပင်အစွမ်းလေးပါ ထည့်ရေးပါရစေ။ မိမိ လယ်ကွက်ထည်းမှာ စပါးလင် အပင်ကို စိုက်ထားခြင်းဖြင့် မြွေအန္တရာယ် ကင်းဝေးပြီး စပါးပါ အထွက်ကောင်းကြောင်း သိရှိရပါသည်။

Naing Maw Oo