လူတိုင်း နားလည်စေလို ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို ရွှေ ၁ကျပ် သားမှာ ၁၆ ပဲ ရှိတယ်

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ကျပ် သားမှာ ၁၆ ပဲ ရှိတယ်

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူးလို့ ခေါ်တယ် ၊

ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သားလို့ ခေါ်ကြတယ် ၊

ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊

ဆန်၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ်။

ဒီဆက်နွယ်မှုဟာ နိုင်ငံတွင်း‌ နေထိုင်ကြသူတွေအဖို့
ဆန်နဲ့ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲ ။

Credit : မူရင်းတင်သူ