ဒေါ်လာငွေစက္ကူကို ဖားဥတက် မှိုစွဲပြီး ဝါကျင့်ကျင့် ဖြစ်မသွားရအောင် သိမ်းဆည်းနည်း

ဒီကာလအတွင်းမှာ မိမိတို့ စုဆောင်းရှာဖွေထားတာလေးတွေ တန်ဖိုးလျော့မသွားအောင်၊ ထိမ်းသိမ်းရလွယ်အောင် ကျပ်ငွေကို ဒေါ်လာ အဖြစ် ပြောင်းလဲသိမ်းဆည်းလာကြပါတယ်။

အမေရိကန်ဒေါ်လာငွေစက္ကူကို ရေငွေ့ရိုက်ပြီး ဖားဥတက် မှိုစွဲ ဝါကျင့်ကျင့် ဖြစ်မသွားရအောင် ထိန်းသိမ်းထားတတ်ဖို့ လိုအပ်ပါတယ်။

လေလုံတဲ့အိတ်တခုထဲမှာ ရေငွေ့စုပ်တဲ့ စီလီကာဂျယ် အိတ်လေးတွေနဲ့အတူ ထည့်သိမ်းထားရင် ရေငွေ့ရိုက်ပြီး မှိုစွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။

အဆိုပါ ဂျယ်အိတ်လေး( anti humidity gel , silica gel )တွေကို ကင်မရာ အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ မေးဝယ်လို့ ရသလို ဆေးဘူးလေးတွေထဲမှာ ပါလာတဲ့ အထုပ်လေးတွေကိုလဲ အလွယ်တကူ ယူသုံးလို့ ရပါကြောင်း မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

Credit : Original Writer