ခွဲစိတ်ရင် (၁၀) သိန်းအထက် ကုန်ကျနိုင်မယ့် နှလုံးသွေးကြောကျဉ်း ရောဂါကို တစ်ပြားမှ မကုန်ဘဲ ပျောက်ကင်း သက်သာသွားတဲ့ ဆေးနည်း

ခွဲစိတ်ရင် (၁၀) သိန်းအထက် ကုန်ကျနိုင်မယ့် နှလုံးသွေးကြောကျဉ်း ရောဂါကို တစ်ပြားမှ မကုန်ဘဲ ပျောက်ကင်း သက်သာသွားတဲ့ ဆေးနည်း

နှလုံး သွေးကြောကျဉ်းပြီး အသက်ရှူုမဝ၍ ဆရာဝန်နှင့်ပြ၊ ဆေးများသောက်သော်လည်း သက်သာလှသည် မဟုတ်ပါ။

နုလုံး အထူးကုဆရာဝန်ကြီးနှင့် ပြကြည့်ရာ ခွဲစိတ်ဖို့ အကြံပေးပြီး ရက်ချိန်းပေးထားသည် ဆိုပါသည်။ ထိုသူငယ်ချင်း ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။

ဖေ့ဘုတ်ပေါ်မှ ဆေးနည်းကောင်းလေး တစ်ခုရ၍ ခွဲစိတ်ချင်သော စိတ်ဆန္ဒလည်း မရှိသောကြောင့် ထိုဆေးနည်းလေးအား အားကိုးအားထားကာ ဆေးညွှန်းအတိုင်း ဆောင်ရွက်ခဲ့ပါသည်။

သူငယ်ချင်းအားလည်း မခွဲစိတ်စေချင်ပါ။ အကြောင်းကား ခွဲစိတ်မည်ဆိုပါက သိန်း(၁၀) အထက်သာ ကုန်ကျမည်ဖြစ်ပြီး ဝန်ထမ်းတစ်ယောက်၏ လစာအခြေအနေနှင့် လုံးဝမလွယ်ကူသောကြောင့် ဖြစ်လေသည်။

သူငယ်ချင်း ဆုတောင်းပြည့်ပါသည်။ ခွဲစိတ်စရာမလိုတော့ပါ။ နှလုံးသွေးကြောကျဉ်းရောဂါ သိသိသာသာ သက်သာသွား၍ ဖြစ်လေသည်။

ထိုဆေးနည်းမှာ

– ချင်းစိမ်းသတ္တုရည် လက်ဖက်ရည် ပန်းကန်(၁)ခွက်၊

– ကြက်သွန်ဖြူသတ္တုရည် လက်ဖက်ရည် ပန်းကန်(၁)ခွက်

– ရှောက်ရည် လက်ဖက်ရည် ပန်းကန်(၁)ခွက်၊

– ပန်းသီးရှာလကာရည် လက်ဖက်ရည် ပန်းကန်(၁)ခွက်

ထို(၄)ခွက်အား ဆတူရော၍ (၃)ခွက်လျှင် (၂)ခွက်ကျန်အောင် ကျိုရပါမည်။

(၃)ခွက် (၂)ခွက်စာ ကျန်ပါက ပျားရည်စစ်စစ် လက်ဖက်ရည် ပန်းကန်လုံး (၃)ခွက်နှင့် နနွင်းမှုန့် ကွမ်းသီးလုံး(၁)လုံးစာမျှ ထည့်မွှေပြီး တစ်ညအိပ် နှပ်ထားရပါမည်။

တစ်နေ့လျှင် ထမင်းစားဇွန်း(၁)ဇွန်း သောက်ပါ။ ပန်းသီးရှာလကာရည်ကို အသင့်ဝယ်ယူ၍ ရနေပါပြီ။

ထိုဆေးနည်းမှာ နက္ခတ္တရောင်ခြည်တွင် ဖတ်ရှုရသော မောင်အေးကြူ(စီးပွားရေး)၏ နှလုံးသွေးကြောကျဉ်း ဝေဒနာရှင်များအတွက်မှ ထုတ်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။ နှလုံးသွေးကြောကျဉ်း ရောဂါသက်သာသည်မှာ အမှန်ဖြစ်ပါ၍ ထပ်ဆင့်ဝေငှလိုက်ပါသည်.။

လိုသူယူသုံး
စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။
ရဲမျိုးသူ(ဗောဓိမြိုင်)