ဂေါ်ရခါးသီး စားခြင့်ဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) ကိုလက်စထရောလုံး၀ မပါရှိခြင်း ကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းလိုသူများအတွက် အထူးသင့်တော်ပါသည်။

(၂) ဗီတာမင်စီ၊ အက်စ်ကောဘစ်အက်ဆစ် နှင့် poly-phenolic (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိကြရာ အစာအိမ်၊ အသည်း၊ ရင်သား၊ မျိုးဥ အိမ်၊ သားအိမ်၊ အူမကြီး နှင့် အဆုတ်ကင်ဆာဆဲလ်များ ကြီးထွားလာခြင်းကို ဟန့်တားပေးနိုင်ပါသည်။

(၃) အူသိမ်၊အူမ တို့စွမ်းရည်ကိုမြှင့်တင်ပေးသောကြောင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်၏။

(၄) ဗီတာမင်ကေကြွယ်ဝသော ဂေါ်ရခါးသီးကိုစားပေးခြင်းဖြင့် အရိုးပွခြင်းမှကာကွယ်ပေး နိုင်ပါသည်။

(၅)နာတာရှည်အိပ်မပျော်သူများအတွက်၊ အထူးသင့်တော်ပြီး ပင်ပန်း နွမ်းနယ်မှုများကိုလည်း သက်သာလာစေပါသည်။

(၆) သွားဖုံးကျန်းမာရေး၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း၊ အဆုတ်ကျန်းမာရေး နှင့် ကျောရိုးကျန်းမာရေးတို့ကို တိုးတက်ကောင်းမွန်စေ၏။

(၇) အပူဖျား၊ အအေးဖျား နာခြင်း နှင့် ကူးစက်တုပ်ကွေးရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။

(၈) ဂေါ်ရခါးသီးထဲတွင် မဂ္ဂနီဆီယမ်ဓါတ် ပါရှိသောကြောင့် မှန်မှန်စားပေးခြင်းဖြင့် ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်း မှ ကာကွယ်ပေးနိုင်၏။

(၉) နှလုံးရောဂါဝေဒနာရှင်များကို ဂေါ်ရခါးသီးကျွေး၍ဆေးသုတေသနပြုလုပ်ခဲ့ရာ၊ အသီးထဲတွင်ပါရှိသော ဖောလိပ်/ပိုတက် စီယမ်နှင့်မဂ္ဂနီစီယမ်ဓာတ်ပေါင်းစုများသည် သွေးထဲရှိ homocysteine ပမာဏကို လျော့ချပေးနိုင်သဖြင့် နှလုံးရောဂါ သာမက၊ နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းများကိုပါ မဖြစ်စေနိုင်ဟုဆိုပါသည်။

(၁၀) ဂေါ်ရခါးသီးသာမက၊ ဂေါ်ရခါးပင်၏ အရွက်/အညွန့်တို့သည်လဲ လွန်စွာဆေးဘက်သောကြောင့် အရွက်ကြော်/ဟင်းချို /ကြော်ချက်ဟင်း/အရွက်ပြုတ်လုပ်၍ စားသုံးသင့်ပါသည်။ အရွက်/အညွန့်တို့ကို အစိမ်း(သို့မဟုတ်) အခြောက်ခံပြီး လက်ဘက်ရည်ကြမ်းအဖြစ် မှန်မှန်သောက်သုံးသွားပါက၊ သွေးတိုးရောဂါကိုကျစေခြင်း၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ပြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကိုကျေစေခြင်း စသည်ဖြင့် ဆေးစွမ်းထက်မြက်လှပါသည်။

🚨🚨 သတိပြုရန်***🚨🚨

(၁)ရင့်သောအသီး၏ အပေါ်ယံအခွံသည် လက်သည်းနှင့်ဆိတ်ကြည့်၍ မရနိုင်အောင် ကြမ်းတမ်းမာကျောပြီး၊ အသား မှာဖွယ်၍ အရသာလည်းမကောင်းပါ။ အရွေးမမှားဘို့လိုပါသည်။

(၂) ပိုးသတ်ဆေးအန္တာရာယ်မှ ကင်းဝေအောင် ဂေါ်ရခါးသီးကို မလှီးချွတ်ခင် ရှေးဦးစွာ ရေစင်စင်ဆေးပေးရပါမည်။ အခွံနွှာသောအခါတွင် အစေးများလက်ကို ကပ်စေးစေတတ်သဖြင့် ရေဘုံပိုင် ဖွင့်၍ အခွံနွှာခြင်းက ပိုမိုအဆင်ပြေစေ၏။ ဂေါ်ရခါးသီးလေးများသည် လူတန်းစေ့စားနိုင်အောင်ဈေးနှုန်းချိုသာသလောက် အရသာလဲချိုကာ၊ ဘေးထွက်ဆိုးကျိုး ကင်းလှပါ သည်။

ဒါကြောင့်လက်တကမ်းမှ အလွယ်တကူရနိုင်သော ဂေါ်ရခါးသီးလေးများကို အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို စားသုံးပေးကြဖို့ အကြံပြုလိုက်ရပါတယ်။

Credit : အရှင်ပညာသီရိ