နှာစေးနေတဲ့ သူတွေအတွက် ဆေးနည်းကောင်းလေး

လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့ ဆရာဝန်လေး တစ်ယောက်က နှာစီးနေလို့ လန်ဒန်မှာ နေတဲ့ ဆရာဝန်ကြီး တစ်ယောက်အိမ် အလည်သွားရင်း ဘာဆေး သောက်ရမလဲလို့ မေးတဲ့အခါ ဆရာဝန်ကြီးက သူ့ဇနီးကို ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦိးလို့ ပြောလိုက်တယ်။

ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။ အဲဒါစား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့။ စားပြီးတဲ့ နေ့ကစပြီး သက်သာသွားပါသတဲ့။

အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့ ခင်ဗျာ။

Credit : Dr.Kyaw Swa