ကြက်သွန်ဖြူ မီးဖုတ် (သို့) မီးကင်ပြီး စားသုံးပေးခြင်းရဲ့ အကျိုးကျေးဇူးများ

ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တစ်ခုပါ။ ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ သဘာ၀ ဂုဏ်သတ္တိတွေဟာ ရောဂါများစွာကို ကုသပေးနိုင်ပြီး ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။

ကိုလက်စထရော ပမာဏကို လျှော့ချပေးပါတယ်။ မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ် စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုနေပါတယ်။

၂ နာရီမှ ၄ နာရီအတွင်း ကင်ဆာဆဲလ်တွေကို စတင် တိုက်ဖျက်ပေးပြီး တခြားရောဂါတွေ ၀င်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၄ နာရီမှ ၆ နာရီအတွင်း ခန္တာကိုယ်အတွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

၆ နာရီမှ ၇ နာရီအတွင်း ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ဘက်တီးရီးယား ဆန့်ကျင် ပစ္စည်းတွေဟာ ခန္တာကိုယ်အတွင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။

၆ နာရီမှ ၁၀ နာရီအတွင်း ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ အဟာရဓါတ်တွေဟာ ဓါတ်တိုးမှုကို ကာကွယ်ပေးနိုင်ပြီး အရွင်တင် နုပျိုစေပါတယ်။

၁၀ နာရီမှ ၂၄ နာရီအတွင်း ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။ သွေးပေါင်ချိန် မှန်စေပါတယ်။ အဆီတွေကို ဖယ်ရှားပေးပါတယ်။ ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အမောခံနိုင်ပြီး အားကစား ပိုလုပ်နိုင်လာပါတယ်။

Credit : My Food Myanmar