ကွမ်းစား သူများအတွက် ခံတွင်းနဲ့ ပတ်သတ်ရင် အကျိုးများတဲ့ မဲဇလီရွက် အစွမ်း

မဲဇလီရွက်ကို မနက်တိုင်း ပြုတ်ပြီး မနက်ခင်း ရေချိုးတယ်။ ရေနဲ့မစပ်ခင် ငုံထွေးဖို့ (ပလုပ်ကျင်း) တစ်ခွက် ချန်ထားတယ်။ အကျိုးကျေးဇူးတွေက ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါအားလုံးအတွက် အကောင်းဆုံးပါ။ အကုန်အကျမများဘဲ အစုံရမည့် ကျန်းမာရေးဆိုတာ အမှန်ဆုံးပါ။

မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမဆို လမ်းဘေးဝဲယာမှာ ပေါမှပေါ။ ခူးဖို့အားလေးတော့ စိုက်ရမှာပေါ့နော်။ အိမ်ကကျားကျားက ကွမ်းသမားဆိုတော့ သူ့ အတွက်ရော ကိုယ်က အပူကြီးသူဆိုတော့ ကိုယ့်အတွက်ရော မနက်တိုင်းလုပ်ဖြစ်တယ်။ ကျွန်‌မဆို အပူများတဲ့သူမို့ သွားခြေတွေနာတာ ဒါငုံနဲ့ပျောက်သွားတာ။ ငုံလိုက် ထွေးလိုက် အကြိမ်ကြိမ်တော့ ပြုလုပ်ပေးရတာပေါ့။

ဒါကြောင့် ဆရာကြီး ဦးရန်အောင်နဲ့ ဆရာကြီး ဦးကျော်မြင့်တို့ကို ဘုရားရှိခိုးအပြီးတိုင်း အကြိမ်ကြိမ်ဦးချ ကန်တော့လျက်ပါ။ ကိုယ်ကိုတိုင် လက်တွေ့ပျောက်ကင်းပြီး သုံးစွဲနေတာမို့ အားလုံးကို မျှဝေပေးလိုက်ပါတယ်နော်။

မြန်မာ့တိုင်းရင်းဆေး နည်းပညာ ကမ္ဘာကုန် ကျယ် သရွေ့ တည်တံ့ပါစေသား။ ။

Ma Sandar Kin U