
ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျင် အစားအသောက် စားရာတွင်လည်း ခံတွင်းမလိုက်တော့ပါဘူး။ အိပ်မပျော် စားမဝင်တော့ဘူးဆိုလျင် အာရုံကြော အားနည်းလာတတ်ပါတယ်။ နှလုံးအားပါ နည်းလာတတ်ပါတယ်။ သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။
ဦးခေါင်းပိုင်း ချွေးထွက်လွန်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်း၊ မျက်စိဝေခြင်း၊ နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ်၊ ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းပြီး အစာမကြေခြင်း၊ ဝမ်းချုပ် စမြင်းခံခြင်း စတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ရုံမျှနဲ့ မောပန်းလွယ်ခြင်း၊ စိတ်မရှည်ခြင်း စတာတွေဖြစ်လေ့ရှိပါတယ်။
အထက်ပါ အာရုံကြော ရောဂါအတွက် ရိုးရှင်း လွယ်ကူတဲ့ ဆေးနည်းပေးပါမယ်။
1. သံပုရာသီးအလုံးကြီးတစ်လုံး။
2. ကြက်ဥ အစိမ်းတစ်လုံး (မည်သည့် ကြက်ဥမဆို ရပါသည်)
3. ပျားရည်စစ်စစ် ဟင်းစားဇွန်းတစ်ဇွန်း (သဘာဝပျားရည် မရလွယ်ပါက မွေးမြူရေး ပျားရည်ကို သုံးစွဲပါ)။
4. ဖီးကြမ်း ငှက်ပျောသီး အမှည့်တစ်လုံး။
5. ရေနွေးကြမ်း အဖြူထည်ပူပူ အကြမ်းပန်းကန် တစ်ဝက် စသည်တို့ လိုအပ်ပါမည်။
– ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်လုံးထဲ သံပုရာသီး တစ်လုံးကို ထက်ခြမ်းခွဲ၍ နှစ်ခြမ်းလုံး အရည်ညှစ်ထည့်ပြီး အစေ့များကို ဖယ်ရှားပစ်ပါ။
– ထို့နောက် ပျားရည်ကို ဟင်းစားဇွန်း တစ်ဇွန်းစာ ထည့်ပါ။
– ပြီးပါက ကြက်ဥအစိမ်းတစ်လုံး ဖေါက်ထည့်ပါ။
– တဖန် ရေနွေးအဖြူပူပူ အကြမ်းပန်းကန် တစ်ဝက်စာကို ထပ်မံလောင်းထည့်ပြီး သမအောင် မွှေပေးပါ။
– ဖီးကြမ်းငှက်ပျောသီး အမှည့်တစ်လုံးကို ညက်နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။
– ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ ရပါပြီ။
အထက်ပါ အာရုံကြော အားဆေးကို သောက်သုံးရမည့် အခြေအနေနှင့် အချိန်အခါများ
1. အားအင်ကုန်ခမ်း မောပန်းနေသည့်အခါ။
2. ညအိပ်ရေး ပျက်သည့်အခါ။
3. ခြေလက် လေးလံထိုင်းမှိုင်းနေသည့်အခါ။
4. စိတ်ရွှင်လန်းမှု မရှိသည့်အခါ။
5. မလုပ်ချင် မကိုင်ချင် ဖြစ်နေသည့် အခါမျိုးတွင် သောက်သုံးပြီး အနည်းဆုံး ဆယ့်ငါးမိနစ်ခန့် ငြိမ်သက်စွာ အိပ်စက် အနားယူပေးပါက အားအင် ပြည့်ဖြိုးပြီး ပြန်လည် လန်းဆန်းလာစေပါမည်။
အထက်ပါ အားဆေး၏ ထူးခြားချက်မှာ အကြောအားဆေး သွင်းသကဲ့သို့ အားအမြန် ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။
ဤဆေးကို နံနက်စောစော မည်သည့် အစာမျှ မစားမှီနှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါက ပို၍အဆင်ပြေပါသည်။
အကယ်၍ မိမိအဆင်ပြေရာ အချိန် တစ်ချိန်တွင် သောက်သုံးပေးမည် ဆိုလျင်လည်း ရပါသည်။ အနည်းဆုံး တစ်ရက်တစ်ကြိမ် နေ့စဉ် မှီဝဲပေးပါက ပေါ့ပါးသွက်လက် ကျန်းမာစေပါမည်။။
မှတ်ချက်။ ညအိပ်ချိန် ဖုန်းမကြည့်ရပါ။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါသည်။
Credit : မူရင်းရေးသားသူ