လေးဖက်နာနှင့် အရိုးအဆစ် ရောင်ရမ်းခြင်း အတွက် ဆေးနည်း

လေးဘက်နာ (၃) မျိုး ရှိသည်ဟု ဆိုပါသည်။

၁။ ပိုးလေးဖက်နာ (နောက်ဆက်တွဲ နှလုံးအဆို့ရှင် ပျက်စီးစေ တတ်ပါသည်)

၂။ သွေးလေးဖက်နာ (အဆစ်အမြစ်တွေကောက်ကွေးသွားပြီး မထနိုင်အောင် ဖြစ်တတ်ပါသည်)

၃။ အရေပြားလေးဖက်နာ (အရေပြားမှာ အနာများဖြစ်ပြီး ကျောက်ကပ်တွေ ပျက်စီးစေတတ်သည်)

မိမိတွေ့မြင်ဖူးသည့် လွယ်ကူသော လေးဖက်နာနှင့်အရိုးအဆစ် ကိုက်သူတို့အတွက် လိမ်းဆေးနှင့်စားဆေးကို တင်ပြပေးလိုက်ပါသည်။

လိမ်းဆေး

– သံပုရာသီး(၅)လုံး
– မုန်ညင်းဆီ(၁)ဗူး (အိုဗာတင်းဖန်ဗူး)
– လေးညှင်းဆီ(လက်ဖက်စာဇွန်း ၁ဇွန်း)

မုန်ညှင်းဆီ ဖန်ဗူးထဲသို့ သံပုရာသီး(၅)လုံး၊ လေးညှင်းဆီ လက်ဖက် စားဇွန်း(၁)ဇွန်း၊ ဆားအနည်းငယ်မျှ ထည့်၍ အဖုံးလုံ အောင်ပိတ်ပြီး (၃)ပတ်တိတိ စိမ်ထားပါ။ အဆစ်အမြစ် နာကျင်ကိုက်ခဲသော အရိုးအဆစ်ပေါ်သို့ ထိုဆေးကို ၀င်အောင် လိမ်းပေးပြီး ပတ်တီး/အ၀တ်စကို (၃)(၄) ပတ် စီးပေးရမည်။ ခံစားနေရသော ဝေဒနာ အသေအချာ သက်သာစေပါသည်။

စားဆေး

– ရှားစောင်းလက်ပက် အနှစ်(၂၅)သား
– ပျားရည် (၁)ပုလင်း
– နနွင်းခါးအမှုန့် (၅)ကျပ်သား (ပရဆေးဆိုင်တွင် ၀ယ်ယူနိုင်)

ထို(၃)ပါးကို ရောစပ်၍ နံနက်ည လက်ဖက်စားဇွန်း (၁)ဇွန်းစီ စားရသည်။

ဓာတ်စာဆေးအဖြစ်

(၁) တရုတ်စကားပွင့်ကို ပြုတ်ပြီးသုပ်စားခြင်း
(၂) မြင်းခွာရွက်ကို နှစ်ရက်တစ်ကြိမ် သုပ်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းနှင့် အစိမ်းလိုက် ဝါးစားခြင်း ပြုလုပ်ရပါမည်။

တိုင်းရင်းဆေးများ ကို စိတ်ရှည်သည်းခံစွာ ကုသနေစဉ် အင်္ဂလိပ်ဆေးများဖြင့် သုံးစွဲကုသခြင်း
မပြုသင့်ပါ။ ရောဂါနုပါက ပျောက်ကင်းနိုင်ပါသည်။ ရောဂါရင့်က တဖြည်းဖြည်း သက်သာရာမှ ပျောက်ကင်းခြင်းဆီသို့ ဦးတည်နေပါလိမ့်မည်။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)