ခွေးတောက် (ဂွေးတောက်) ရွက်နှင့် ပျောက်ကင်းနိုင်သော ရောဂါ ဝေဒနာများ

ခွေးတောက်သည် သလိပ်၊ ချွဲ၊ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို ပျောက်ကင်းစေပါသည်။

ထို့အပြင် ဝမ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများအတွက် သွေးသားမှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေပါသည်။

ဆိုင်ရာရောဂါများအတွက်ဆေးအဖြစ် အသုံးပြုပုံများ

၁။ ခွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါများ ပျောက်၏။

၂။ ခွေးတောက်ရွက်ကို ကြိတ်၍ ၎င်းအရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။

၃။ ထန်းရည်၊ အရက်ကြာရှည်စွာ သောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏။

၄။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊သွေးစုနာများ အနာနုလျှင်ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

၅။ အရွက်ကို ကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်းပျောက်၏။

၆။ ခွေးတောက်ရွက် ကို သကြားနှင့်ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏။

၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏။

၈။ ခွေးတောက်ရွက်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

၉။ ခွေးတောက်ရွက်ကို ကြက်ရိုးနှင့် ဟင်းရည်ပြုတ်သောက်ပါက ကာမအားတိုးစေပါသည်။

Credit : စောနွဲ့နေဆိုင်(ပူတာအို)