ရောဂါဆယ်မျိုးကို ပျောက်ကင်းစေနိုင်တဲ့ ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက်

တန်ဖိုးကြီးသောဆေးပွင့် မူးဝေငိုက်မျဉ်းခြင်းကို ပယ်ပျောက်စေနိုင်ပြီး စိတ်ကိုကြည်နူးစေသော ဆေးပွင့်။ သွေးဆေးဖော်စပ်ရာတွင် အသုံးပြုသော ဆေးပွင့်ဖြစ်သည်။ဆိပ်ဖလူးပင်၏ ပဥ္စငါးပါးသည် ဆံပင်ကို အကျိုးပြုသည်။ ဆံပင်ကျွတ်သောရောဂါကို ကောင်း၏။မီးယပ် သွေးလွန်၊ မြင်းသရိုက်ရောဂါ၊ အဆစ်ရောင်၊ သုတ်အားနည်းခြင်း၊ ဆီးလွန်ရောဂါ၊ ကလေးသန်ထိုးသောရောဂါ၊ တိရိစ္ဆာန်များ အဆိပ်သင့်သောရောဂါတို့ကို ပျောက်ကင်းစေသည်။ ကိုယ်ဝန်ကို ကြီးထွားစေသည်။

(၁) ဆိပ်ဖလူးပွင့်ကိုစုဆောင်း အမှုန့်ကြိတ်၍ သကြားနှင့် ရောစပ်၍ နေ့လယ် လဖက်စားဇွန်း တစ်ဇွန်းမှန်မှန်သောက်ပါက အမျိုးသားများ သုတ်သွေးအားကောင်းစေသည်။

(၂) ဆိပ်ဖလူးပွင့်ကို သကြားနှင့်ကြော်စားလျှင် မိန်းမတို့ ဘုန်းဆံထုံးဆိုသည့်အတိုင်း အမျိုးသမီးများ ဆံပင်ကောင်းစေ သန်စေသည်။

(၃) ဆိပ်ဖလူးပွင့်ကို ကြက်သားနှင့်ကြော်စားလျင် ကိုယ်ဝန်ကိုကြီးထွားစေသည်။ သန်မာထွားကျိုင်းသော သားသမီးရတနာ၏ မိခင်ဖြစ်မည်။

(၄) ဆိပ်ဖလူးပွင့် သတ္တရည်ကို ဆန်ဆေးရည်နှင့် သကြားအနည်းငယ်ခပ်သောက်ပါက အပုပ်ဆန်သောရောဂါပျောက်သည်။

(၅) ဆိပ်ဖလူးပွင့်နုနု လက်တစ်ဆုပ်နှင့် ငရုတ်ကောင်း (၇)စေ့ ကြိတ်၍ သောက်လျှင် အမျိုးသမီး များမီးယပ်သွေးလွန် ပျောက်၏။

(၆) ဆိပ်ဖလူးပွင့်အခြောက်ကို လဖက်ခြောက်သဖွယ်သောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။ (မှတ်ချက် ဓာတ်ဘူးထဲက ညသိပ်ရေနွေးမသောက်ပါနှင့်)

(၇) အရေပြားပေါ်မှာဖြစ်သော ယားနာအမျိုးမျိုးတို့အတွက် ဆိပ်ဖလူးပွင့်ကို နို့(သို့)နို့မှုန့်နှင့် ကြိတ်၍ လိမ်းပေးပါက ပျောက်သည်။

(၈) ဦးခေါင်း၌ဖြစ်သော ဒက်ကို ဆိပ်ဖလူးပွင့်ခြောက် အုန်းဆီနှင့်ချက်၍ လိမ်းပေးလျှင်သက်သာပျောက်ကင်းသည်။

(၉) ဆိပ်ဖလူးရွက်သတ္တုရည်တွင် ဆားခပ်၍ လဖက်ရည်ဇွန်းတစ်ဇွန်း တိုက်ပါက သန်ကောင်များ အထွေးလိုက် ကျဆင်းစေပါသည်။

(၁၀) ဆိပ်ဖလူးရွက် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ဆီးခဏခဏသွားရသော ဆီးလွန်ရောဂါဝေဒ နာကို သက်သာပျောက်ကင်းစေပါသည်။

သမားတော်ကြီးဦးသောင်းရွှေ