အခြားမျိုးစိတ် နှင့်မတူပဲ ကူးစက်နှုန်းမြန်လွန်းခြင်း

OMICRON မျိုးစိတ်ကို စတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိက နိုင်ငံက နိုဝင်ဘာလ အလယ်တွင်း ကိုဗစ်ရောဂါဖြစ်သူ တစ်နေ့ လူပေါင်း ၂၀၀ မှ ၃၀၀ အတွင်းရှိခဲ့ရာမှ ဒီဇင်ဘာလအစ အတွင်း တစ်ရက်တည်း ကူးစက်သူပေါင်း ၁၁၅၀၀ ထိမြင့်တက်သွားပါတယ်။ဒါ့အပြင် ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီး ၆ တိုက်မှ နိုင်ငံပေါင်း ၂၆ နိုင်ငံကျော်ထိ ပျံ့နှံ့ သွားပြီဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံရဖူးသူ ပြန်လည်ကူးစက်ခံရနိုင်ခြင်း

ကိုရိုနာ ဗိုင်းရပ် ကြောင့် ကိုဗစ် ဖြစ်ဖူးသူတွေက OMICRON မျိုးစိတ်ကွဲကြောင့် ရောဂါပြန်လည် ဖြစ်နှုန်း အလွန်များပြားပါတယ်။ယခင်မျိုးစိတ်ကြောင့် ကိုဗစ်ဖြစ်သူတွေက ယခုမျိုးစိတ်သစ် OMICRON ကိုခုခံနိုင်ဖို့ အလွန်နည်းပါးပါတယ်။

ကိုဗစ်ကာကွယ်ဆေးများ၏ ထိ‌ရောက်မှုနှုန်း လျော့ကျနိုင်ခြင်း

လက်ရှိရရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေး တစ်ချို့က OMICRON ပိုးကိုကာကွယ်နိုင်စွမ်း ၄၀ ရာခိုင်နှုန်းထိ လျော့ကျ နိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးထားတာကြောင့် ဆေးရုံ တက်ရနိုင်ခြေ နှင့် သေဆုံးနိုင်ခြေကတော့ လျော့နည်းနိုင်ပါတယ်။

ကလေးတွေနှင့် အသက် ၃၀ အောက် လူငယ်တွေမှာ ပိုမို ကူးစက်နိုင်ခြင်း

OMICRON မျိုးစိတ်သစ်က ကလေးတွေနှင့် အသက် ၃၀ အောက် လူငယ်တွေမှာ ပိုမို ကူးစက်နိုင်ကြောင်း သိရပါတယ်။

ရောဂါ လက္ခဏာ မပြင်းထန်ခြင်း

OMICRON မျိုးစိတ်ကူးစက်ခံရသူတွေက ပြင်းထန်တဲ့ ကိုဗစ်ရောဂါ လက္ခဏာ မရှိသလို ဆေးရုံတက်ရတာ ကိုယ်တွင်းအောက်ဆီဂျင် ပမာဏ လျော့ကျတာမျိုးလည်း မရှိသလောက်ပါပဲ။မောပန်းတာ ကိုလက်ကိုက်ခဲတာနဲ့ လည်ချောင်းယားတာလိုမျိုး လက္ခဏာလိုမျိုးသာ ပြ တတ် ပါတယ်။ကိုဗစ်ရောဂါ ရဲ့ သဘာဝက ရောဂါတွေ့ရှိ ပြီး သုံးလေးပတ် အကြာမှ ရောဂါလက္ခဏာက ပြင်းထန်တတ်ပါတယ်။ပိုးစတင်တွေ့ရှိတဲ့ အချိန်နဲ့ သုံးသပ်ချိန်က နှစ်ပတ်သာ ခြားသေးတာမို့ သေချာ အတည်ပြုဖို့စော နေပါသေးတယ်။

ဒေါက်တာ ခင်မိုးမိုး

ကိုဗစ်လူနာဟောင်း များသည် သာမာန်လူထက် Omicron covid မျိုးကွဲသစ်ရောဂါပိုးကူးစက်နိုင်ခြေ (၃)ဆပိုမြင့်ကြောင်း တောင်အာဖရိကဆရာဝန်များထုတ်ပြန်။

ထို့ကြောင့်

mask တပ်ကြပါ။

လက်ကို အပြင်က ပြန်လာတိုင်းဆေးကြပါ။

အပြင်က ပြန်လာပြီးတိုင်း mask ကို စနစ်တကျ ပစ်ပါ။

ပိုက်ဆံ တွေကို ပိုးသတ်ပါ။

အသား ငါးများကို နူးအောင် ချက်ပြုတ်စားပါ။ ထမင်းဆိုင်မှ ဟင်းများဝယ်လျင် လည်း သေချာစွာ ပြန်နွှေး၍ စားပါ။

လူစု လူဝေးကို တတ်နိုင် သမျှရှောင်ပါ။

#Wunyan