အိမ်တိုင်း အိမ်တိုင်းမှာ ပင်စိမ်းပင် စိုက်ပျိုးထားသင့်သော အကြောင်းအရင်း

၁။ ပင်စိမ်းအရွက်ကို နေတိုင်း စားပေးခြင်းအားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင် ဖြစ်တက်သော ရောဂါများ ကင်းဝေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။

၂။ ပင်စိမ်းအရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်ပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။

၃။ ပင်စိမ်းအရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ ရေချိုးပါက ချွေးအနံ့ မထွက်အောင် ကာကွယ်ပေးသည်။

၄။ ပင်စိမ်းအရွက်ကို သံပုရာရည်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင် လိမ်းပေးပါက အရေပြားရောဂါများဖြစ်သော ဝဲနှင်းခူ နှင့် ယားနာများ ပျောက်ကင်းသည်။

၅။ ပင်စိမ်းစေ့ကို ကောင်းစွာကြိတ်ပြီး စားပေးလျှင် ဆီးနှင့် ပတ်သက်သော ရောဂါများ ပျောက်ကင်းသည်။

၆။ ပင်စိမ်းသတ္တုရည်ကို သံပုရာရည်ရောပြီး တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ပေးပါက သန်းဗောက်ဖက်များ ကင်းဝေးမည်။

၇။ သန့်ရှင်းသော မြေအိုးရေထဲတွင် ပင်စိမ်းအရွက်ထည့်၍ နေ့တိုင်းသောက်ပါက ရောဂါများ ကင်းဝေးမည်။

၈။ ပြတ်ရာ ရှရာများကို ပင်စိမ်အရွက် ထည့်ပေးလာပါက လျှင်မြန်စွာ ပျောက်ကင်းသည်။

၉။ အိမ်တွင် ပင်စိမ်းအရွက်များထားခြင်း (သို့) အိမ်တွင် ပင်စိမ်းပင် စိုက်ထားလျှင် ခြင် ယင် ပိုးကောင် မြွေများ ကင်းဝေးမည်။ ထို့ကြောင့် အိမ်တွင် ပင်စိမ်းအပင် စိုက်ခိုင်းခြင်းဖြစ်သည်။

၁၀။ တစ်ရက်တွင် နာရီပေါင်း ၂၁ နာရီ အောက်စီဂျင် ထုတ်လွှတ်ပေးသောကြောင့် အိမ်တွင်စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည်။

Credit : Original Writer