ဒူးနာ ခြေနာ အဆစ်မြစ်နာ ဝေဒနာ ရှင်များအတွက် ရုံးပတေတီး ရေနွေးဖျော

၁.၆.၂၀၂၁.နေ့က စပြီး ရုံးပတေသီး ရေနွေးဖျော သောက်တာ အခုဆို တစ်လပြည့်သွားပါပြီ။

အကျိုးအာနိသင်ကတော့ ဒူးနာတယ်၊ ခြေထောက်နာတယ်၊ ကြာကြာမရပ်နိုင်ဘူး၊ ကြာကြာ လမ်းလျှောက်နိုင်ဘူး၊ ကြာကြာမထိုင်နိုင်ဘူး၊ ထလည်းနာ၊ ထိုင်လည်းနာ တကျွတ်ကျွတ် အော်နေရတဲ့ ပါးစပ်က ရောင်ပြီးတောင် “နာတယ်”လို့ မထွက်လာတော့ဘူး။

အသက်ငါးဆယ်ကျော်ရင် ရုံးပတေသီးကို မချစ်တောင်မှ မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့ အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။ ပေါင်းနိုင်သလောက်လည်း ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။ ဒီအသီးလေးက အရိုးအဆစ်နာကျင် ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်း ရှိတာကတော့ အလွန်ကို အံ့သြသွားစေပါလိမ့်မယ်။

ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး အဖုံးပါတဲ့ခွက်ထဲထည့် ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ အေးသွားမှ အရေလည်းသောက် အဖတ်လည်း စားရမှာ ဖြစ်ပါတယ်။

အဓိက အရေးကြီးတဲ့အချက်က အစားအိမ်ထဲ အစာမရှိတဲ့ အချိန်မှာ စားရ သောက်ရမှာပါ။ တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင် နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။ အစာအိမ်ထဲ အစာမရှိချိန်သောက်ဖို့က အဓိက ဖြစ်တယ်ဆိုတာ လေးကိုတော့ မမေ့စေချင်ပါဘူး။

ဒူးနာ ခြေနာ အဆစ်မြစ်နာ ဝေဒနာ ရှင်များအတွက် ကျေးဇူးများတဲ့ ဒီအသီးလေးကို ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲ စားသုံး ကြည့်ကြပါလို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်။

လက်တွေ့အကျိုးခံစားရသူ (2-7-2021)

Credit : ပိတောက်အိမ်

Link 1