ကိုယ်ခံအားကို မြင့်တက်စေမည့် ကြက်သွန်နီ သံပုရာဆမ်း

ဒီရက်ပိုင်း ကြက်သွန်သံပုရာဆမ်း ဆားလေးနဲ့ သုပ်ကို နေ့တိုင်းလေး စားဖြစ်နေတယ်။ တော်တန်ရုံ အဖျားနဲ့ virus ပိုး မကူးနိုင်ပဲ ကိုယ်ခံစွမ်းအားတွေ ပိုကောင်းလာသလို ခံစားရတယ်။ အားလုံး စားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

သုပ်စားတော့မယ်ဆို ကြက်သွန်နီကို အခွံခွါ၊ ဖင်နဲ့ခေါင်းကို ဒါးနဲ့ ဖြတ်ပြီး အကွင်းလေးတေလှီးပြီး ပန်ကန်ထဲ ထည့်ပါ။ တော သံပုရာသီးလေးကို ရေးဆေးပြီး တခြမ်းခွဲပြီး ကြက်သွန်ပေါ် အရည်ညစ်ချပါ။ ဆားလေးသင့်ရုံဖြူးပြီး စားလို့ရပါပြီ။ အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းလေး ကြိုက်သလောက် ကပ်ကြေးလေးနဲ့ ကိုက်ထည့်ပါ။

ကြက်သွန်ကို အခွံနွှာပြီး တစ်ခြမ်းခွဲပြီး ရေဆေးလိုက်ရင် အာနိသင် လျော့သွားတယ် ထင်ပါတယ်ခင်ဗျာ။ ဒါကြောင့် တစ်ခြမ်းခွဲပြီး ရေမဆေးပါနဲ့။

အပန်းမကြီး မခက်ခဲတာမို့ ပြုလုပ်သုံးဆောင်ကြည့်ပါခင်ဗျာ။ ထူးခြားမူကို တကယ်ထိတွေ့ ခံစားရမှာပါ။

ကြက်သွန်နီ သံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။

(၂) လေထဲတွင် ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။

(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။

(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။

(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။

(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။

(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

Source : Sann Zarni Maung