ဆေးရုံမှာ လုပ်ခဲ့ရတဲ့ အသက်ရှု လေ့ကျင့်ခန်း မျှဝေပေးချင်ပါတယ်

ဆေးရုံရောက်ပြီး ၂ ရက်နေ့ကစ တစ်နေ့ကို ၃ နာရီ၊ တစ်ခါလုပ် (၁) နာရီခွဲ နဲ့ (၂) ကြိမ်လုပ်ရပါတယ်။ ပထမဆုံး မှောက်ခုန်အိပ်ပြီး ရင်ဘတ်အောက်ခေါင်းအုံတစ်လုံး၊ ဗိုက်အောက် ခေါင်းအုံးတစ်လုံး ခုထားပေးရပါတယ်။

လူနာစောင့်က နောက်ကနေပြီး လက်ဖမိုးခုံးလုပ်ပြီး ကျောတပြင်လုံး လိုက်ပုတ်ပေးရပါတယ် (လက်ဝါးနဲ့ မလုပ်ရပါဘူး)။

နေ့တိုင်းမပြတ် လုပ်ပေးရပါတယ်။ အဲ့လိုလုပ်ရင် အဆုတ်ထဲကို အောက်ဆီဂျင် O2 မြန်မြန်ရောက်ပြီး အဆုတ်မခဲအောင် လုပ်ပေးရတာပါ။ တစ်နေ့ကို ၃ နာရီ ပြည့်အောင် လုပ်နိုင်လေ O2 တက်မြန်လေပါ။

အမေက တစ်နေ့ ၃ နာရီ လုပ်နိုင်လို့ အစောကြီး O2 တက်ပြီး အိမ်ရောက်တဲ့ချိန် အချိန်းပိုင်းပဲ O2 ဆက်ပေးရတယ်။

အဖေက တစ်နေ့ကို နာရီဝက်လောက်ပဲ စလုပ်နိုင်တယ်။ ပြန်ခါနီးမှ တစ်နာရီ လုပ်နိုင်တော့ ခုချိန်ထိနေ့ည O2 မလွှတ်သေးပါဘူး။ (နဂိုအဆုတ် TB ၂ဖက်လုံး ဖြစ်နေတာလဲ ပါပါတယ်) အသက်ရူ လေ့ကျင့်ခန်းလဲ လုပ်နေရတုန်းပါ။

လက်ရှိ O2 ရူနေတဲ့သူတွေ မရူရသေးပဲ Positive ထွက်နေတဲ့ သူတွေ အကုန် အသက်ရူ လေ့ကျင့်ခန်းလုပ်ပေးလို့ ရပါတယ်။ လူနာစောင့် မရှိတဲ့သူဆို မှောက်ခုန်နေ အသက်ရူ လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။

လူနာစောင့် လုပ်နေချိန်ရော ခုအိမ်ရောက်ချိန်ပါ ကိုယ်ဘာသာ မတ်တပ်ရပ်ပြီး အသက်ရှုလေ့ကျင့်ခန်း လုပ်ပါတယ်။ လူတိုင်း အသက်ရူ လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။

Credit : Sein Htay