ကြက်ဥပြုတ် စားပေးသင့်သည့် အကြောင်းအရင်း

ကျွန်တော့်ကို လာမေးတဲ့ မိတ်ဆွေတိုင်းကို ကြက်ဥပြုတ်စားဖို့ အမြဲပြောဖြစ်တယ်။ သူတို့တကယ်စားမစားတော့ မသိဘူး။ အခုကာလအတွက် ကြက်ဥပြုတ်နဲ့ ပတ်သက်ပြီး Recommend ပေးချင်လို့ပါ။

ကြက်ဥပြုတ်ရဲ့ အကာဟာ အဆုတ်ကို အားကောင်းစေပါတယ်။ အနှစ်ဟာ အသက်ရှူပြွန်ကို သန့်စင်စေပါတယ်။ ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥပြုတ်ပါ။ မကျက်တကျက် ပြုပ်စားတာ မွှေကြော်စားတာတွေက မထိရောက်ပါဘူး။

ကြက်ဥမှာ protein ဓာတ် အပြည့်အဝ ပါဝင်ပြီး နလံထ လူနာတွေ သွေးအားနည်း သူတွေအတွက် စားပေးသင့်ပါတယ်။ ကြည်ဥပြုတ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးမြှင့်စေပါတယ်။

ခန္ဓာကိုယ်မှာ ကောင်းမွန်တဲ့ ကိုလက်စထရောတွေ မြှင့်တက်လာတဲ့အခါ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ၊ လေဖြတ်ခြင်းနဲ့ တစ်ခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြသနာတွေ မဖြစ်ပေါ်အောင် တားဆီးပေးပါတယ်။ မှတ်ဉာဏ်တွေ၊ အာရုံခံအဖွဲ့အစည်းတွေနဲ့ ဇီဝဖြစ်စဉ်တွေအတွက် တကယ့်ကို ကောင်းကျိုးဖြစ်စေပါတယ်

ကြည်ဥပြုတ်က ခန္ဓာကိုယ်မှာ ပရိုတိန်းဓာတ် လုံလောက်စွာ ရရှိတဲ့အခါ အရိုးတွေကို ဆွဲဆန့်စေပြီး ကြွက်သားတွေကို သန်မာကာ ဝိတ်ကို ကျစေနိုင်ပါတယ်။ ကြက်ဥပြုတ်မှာ antioxidant နှစ်မျိုးဖြစ်တဲ့ lutein and zeaxanthin ဆိုတဲ့ ဓာတ်နှစ်မျိုး ပါဝင်ပါတယ်။

ဒီဓာတ်နှစ်မျိုးက မျက်လုံးနဲ့ ပတ်သက်တဲ့ အရာတွေနဲ့ မျက်လုံးရဲ့ အမြင်အာရုံတွေအတွက် ကောင်းမွန်စေတဲ့ ဓာတ်တွေဖြစ်လို့ ကြက်ဥပြုတ်စားပေးခြင်းက မျက်လုံးအတွက် တကယ့်ကို အထောက်အကူပြုစေပါတယ်။

အဖျားတွေတက် အသက်ရှုမဝ ဖြစ်နေရင်လည်း ကြက်ဥပြုတ် စားလိုက်ပါ (အကာရော အနှစ်ရော) အဖျားကျပြီး အသက်ရှုပုံမှန် ပြန်ဖြစ်ဖို့ အထောက်အကူ ပြုပါတယ်။

ကြက်ဥပြုတ် တစ်လုံးဟာ 78 ကယ်လိုရီ ခန့် ရှိပါတယ်။ ကြက်ဥ မှာ protein 6.2 g ခန် ပါရှိပါတယ်။ အမျိုးသမီးတွေအတွက် တနေ့ကို protein 46 g လိုပြီး အမျိုးသားတွေ အတွက် တနေ့ကို protein 56 g လိုပါတယ်။

အခုကာလမှာ ကိုဗစ် ကြိုတင်ကာကွယ်မှု အနေနဲ့ တနေ့ကို သုံးလုံးလောက် ပြုတ်စားပေးကြပါ။ မနက်စောစော စားပေးရင် တစ်နေ့တာအတွက် အာဟာရ ပြည့်ဝနေမှာပါ။ ကျွန်တော်ကတော့ တစ်ရက် လေးလုံး အမြဲတမ်း စားဖြစ်တယ်။

Credit : Ckkn Sai Wai Han