ငှက်ဖျား ဖြစ်တုန်းက သောက်ခဲ့တဲ့ ဆေးရွက်ပါ (ငှက်ဖျားပျောက် ဆေးပင်)

ကျွန်မ ဌက်ဖျားဖြစ်တုန်းက သောက်ခဲ့တဲ့ ဆေးရွက်ပါ။ ဆေးမီးတိုလို့ ပြောလဲရပါတယ်။ လူ့အသက် တစ်ချောင်းဆိုတာ တန်ဖိုးကြီးလှပါတယ်။ သဘာဝကပေးတဲ့ ဘေးကင်းတဲ့ ဆေးပင်လဲဖြစ် ကိုယ်တိုင်သောက်ပြီး တကယ်ပျောက်ခဲ့တာမို့ တန်ဖိုးရှိတဲ့သူတွေကို လက်မလွှတ်ချင်လို့ တင်ပေးလိုက်ပါတယ်။

ကျွန်မ သောက်တုံးကတော့ အလွန်ခါးလို့ ထန်းညက်အညိုနဲ့ အမေက ကျိုတိုက်ပါတယ်။ (၃)ခွက်(၁)ခွက်ပေါ့။ သောက်ပြီးရင် အစားတစ်ခုခု တန်းထည့်ဖို့ အဆင့်သင့် ဆောင်ထားရတယ်။ ဘာဖြစ်ဖြစ် ပျောက်ဖို့ပဲဆိုတော့ ကျိတ်မှိတ်သောက်လိုက်တာပဲ။

တောထဲ တောင်ထဲ နေတာကြာရင် ဘာမှ မဖြစ်သေးခင်ထဲက သောက်ထားသင့်တယ်လို့ အကြံပြုပါရစေ။ ပြီးတော့ အရွက်ကို အခြောက်ခံ မီးရှို့ပေးရင်လဲ ခြင်မလာဘူး ခြင်ပြေးတယ် ပြောကြတယ်။

အရွက်ကို ခြေပြီး ရှူရင်လဲ အနံ့ဆူးပြီး ပြင်းပါတယ်။ နှာခေါင်းသွေး ယိုတာ ချက်ချင်း ပျောက်ပါတယ်။ တောထဲမှာ လမ်းဘေးတွေမှာ အလေ့ကျပေါက်တဲ့အပင်ပါ။ မိုးတွင်း ပိုများပါတယ်။

တိုင်းပြည်ရဲ့ ရတနာလေးတွေ တန်ဖိုးရှိတဲ့ အနာဂါတ်လေးတွေ အတွက် တတ်နိုင်တာလေး အင်အားဖြည့်ပါရစေ။ ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ။

Source : Nandar Htoo