အလုံပိတ် အခန်းထဲ အပင်ထည့်ပြီး အိပ်သင့် မအိပ်သင့်

အပင်က သက်ရှိဖြစ်တဲ့ အတွက် Respiration လုပ်တယ်။ လူတွေလိုပဲ အောက်ဆီဂျင် ရှူပါတယ်။ ဒါဆို အပင်က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူပြီး အောက်ဆီဂျင် ထုတ်ပေးတယ်ဆို???။

ဟုတ်ပါတယ်။ ရှူတာတော့ မဟုတ်ဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပြီး အလင်းနဲ့ အစာချက်တဲ့ ဖြစ်စဉ် (Photosynthesis) မှာ အောက်ဆီဂျင် ကို ပြန်ထုတ်ပေးတာပါ။ အစိမ်းရောင်ရှိတဲ့ အပင်တွေမှာ အစိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖဲလ် (Chlorophyll) ပါတဲ့ အတွက် နေ့ အလင်းရောင် ရှိတဲ့ အချိန်မှာ အစာချက်လုပ်နိုင်ပါတယ်။ နေ့ဘက်မှာ အောက်ဆီဂျင် ထုတ်ပေးနိုင်ပါတယ်။

နေရောင်ခြည် မရှိတဲ့ ညအခါမှာတော့ သူလဲ လူတွေလိုပဲ အောက်ဆီဂျင် ရှူတဲ့ Respiration ဖြစ်စဉ်တစ်မျိုးသာ လုပ်ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ် ပြန်ထုတ်ပါတယ်။

ဒါကြောင့် ညအခါ တောအရပ်တွေမှာ အပင်ကြီးကြီးအောက်မှာ အိပ်တဲ့သူတွေ တခါတရံ အောက်ဆီဂျင် ပြတ်လပ်ပြီး ဂယောင်ခြောက်ခြား ဖြစ်ကာ သေဆုံးတာတွေအထိ ရှိပါတယ်။ မြန်မာလို နတ်ကိုင်တယ်ပေါ့။

အခုပြောချင်တာက အောက်ဆီဂျင် ထုတ်ပေးမယ် ထင်ပြီး အပင်တွေကို အခန်းထဲ ထည့်အိပ်တဲ့ ကိစ္စပါ။ အောက်ဆီဂျင် မရတဲ့အပြင် ရှိတဲ့ အောက်ဆီဂျင်ကို သူနဲ့ လုရှူနေရတဲ့အတွက် ပိုပြီး အောက်ဆီဂျင် ရရှိမှု နည်းပါမယ်။ သူ့က ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူမိပြီး အန္တရာယ်များ နိုင်ပါတယ်။ ဒါကြောင့် အလုံပိတ် အခန်းထဲ အပင်တွေ ထည့်အိပ်တာမျိုး မလုပ်သင့်ပါဘူး။

(Photosynthesis and Respiration ကို မှတ်မိနေအောင် သင်ကြားပေးခဲ့သော Biology ဆရာကြီး ဦး Soe Nyunt အား ဦးထိပ်ထားလျက်)

Credit ပေးပါတယ်။