ကင်ဆာကာကွယ်ပြီး သွေးကြောခဲ၊ အကြိတ်ရောင်၊ အနာပြည်တည်ခြင်း၊ ဝမ်းကိုက်ခြင်းနှင့် မျက်ထောင့်ပင်၏ ဆေးအစွမ်းများ

ကင်ဆာကာကွယ်ပြီး သွေးကြောခဲ၊ အကြိတ်ရောင်၊ အနာပြည်တည်ခြင်း၊ ဝမ်းကိုက်ခြင်းနှင့် မျက်ထောင့်ပင်၏ ဆေးအစွမ်းများ

မျက်ထောင့်ပင်တွေ့ရင် နှုတ်မပစ်ပါနဲ့တော့။ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးဖြစ်ထွန်းစေတဲ့ အရွက်တစ်မျိုးလို့ ပြောနိုင်ပါတယ်။

ကရင်ပြည်နယ်မှာတော့ မျက်ထောင့်ပင်လို့ ခေါ်ပြီး တခြားနယ်တွေမှာ အခေါ်အဝေါ် ကွဲကောင်း ကွဲနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ (Purslane) လို့ခေါ်ပါတယ်။

အစိမ်းရောင် အပင်နဲ့ အနီရောင်ပင် (၂) မျိုးရှိတယ်။ သုတေသန ဖေါ်ပြချက်တွေအရ အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆား၊ အိုမီကာ 3 ပါဝင်ပြီး သွေးတိုးကျစေတယ်။ သွေးလေညှိပေးတယ်၊၊

ကင်ဆာရောဂါအတွက် ကာကွယ်ပေးတယ်။ သွေးကြောခဲမာခြင်းကို ကာကွယ်ပေးတယ်။ အူချောင်း ရောင်နာကို ကုသပေးတယ်။ အကြိတ်ရောင်နာကို ကုသပေးတယ်။ အနာပြည်တည်ခြင်းကို ကုသပေးတယ်။ အပြင်းစား အူအတက်ရောင်ရောဂါကို ကုသပေးတယ်။ ဝမ်းကိုက်ရောဂါကို ကာကွယ်ပေးတယ်။

အစိမ်း ဒါမှမဟုတ် ရေနွေဖျောပြီး တို့စရာအဖြစ် စားသုံးနိုင်တယ်။ ကြော်စားနိုင်တယ်။ ချည်ဖတ်ထည့်စားလို့ရတယ်။ ကြက်ဥနဲ့ ရောကြော်စားလို့ရတယ်။

ဒီနေ့ခြံထဲက မျက်ထောင့်ရွက်နှုတ်လာပြီး ကွန်စွန်းရွက်ကြော်သလို ကြော်စားပါတယ်။ အရသာက ကန်စွန်ရွက်ထက် ပိုနှစ်သက်ပါတယ်။ အဖန်ဓါတ်အနည်းငယ် ပါတယ်။

လူသိများပြီး စားသုံးသူများလာရင် ဈေကွက်ဝင် ဟင်းရွက်ပင်တစ်မယ် ဖြစ်လာနိုင်ပါတယ်။

Credit : Winmyint iqwin farm