တအိမ်လုံး ပျောက်ကင်းသွားလို့ အများသိ‌အောင် တင်ပေးပါဆိုလို့

တအိမ်လုံး ပျောက်ကင်းသွားလို့ အများသိ‌အောင် တင်ပေးပါဆိုလို့

ဆေးဖော်စပ်ပုံ

– ပထမဦးစွာ ရှောက်သီးများကိုရေဆေးပါ။ မိမိလက်ကိုလည်း ‌ရေဆေးပါ။ ပြီးသည်နှင့် ရှောက်သီးများပေါ်က ရေများကို တစ်ရှူးနှင့် ပြောင်စင်အောင် ပြန်သုတ်ပါ။ လက်မှရေများကိုလည်း ပြောင်စင်အောင်သုတ်ပါ။ ရေ လုံးဝ မကျန်ပါစေနှင့်။

– ပြီးသည်နှင့် ရှောက်သီးများကို အရည်ညှစ်ပါ။ (Blender ၊ ကြိတ်စက် ၊ ညှစ်စက် စသည်တို့ကို အသုံးပြု၍ အစေ့ ၊ အဖတ် အားလုံး ကြေသွားစေပြီး ရရှိလာသော အရည်မျိုး မဖြစ်ပါစေနှင့်)
အသီးညှစ်သော ညှပ်အကြီးစားမျိုးကို သုံးပါ။ လက်ဖြင့် ညှစ်နိုင်လျှင်လည်း ညှစ်ပါ။

– မိမိလိုချင်သည့် အရည်ပမာဏကို ရလျှင် ရေစစ်၊ ပိတ်စ စသဖြင့် စစ်ယူပြီး အရည်ကြည်သက်သက်ကို ခွက်သန့်သန့်တစ်ခုထဲသို့ ထည့်လိုက်ပါ။

– ခွက်ထဲသို ရှောက်ရည်မထည့်မီ ခွက်အတွင်း ရေစင်အောင် သုတ်ထားပါ။ ထိုခွက်ဖြင့် ရှောက်ရည်၊ ပျားရည်၊ အရက်တို့ကို ချင်တွယ်ရမည်ဖြစ်ပါသည်။

– ‌ရှောက်ရည်ပမာဏကို မှတ်သားပြီးသည့်အခါ ၎င်းရှောက်ရည်ကို ခွက်ကြီး (သို့) အိုးတစ်ခု ထဲသို့ ထည့်ပါ။ သမအောင် ရောမွှေရမည်ဖြစ်၍ ကြီးလေကောင်းလေ ဖြစ်ပါသည်။ (ခွက်ကြီးကြီး/အိုးသည်လည်း အတွင်းတွင် ရေစင်အောင် သုတ်ထားရပါမည်။)

– ‌ရှောက်ရည်နှင့် ဆတူ ‘ပျားရည်’ကို ထည့်ပါ။ ‘အရက်’ ကိုလည်း ရှောက်ရည်နှင့် ဆတူထည့်ပါ။ (မည်သည့်အရက်မဆို ရပါသည်) အမျိုးအစားကောင်းသော အရက်ဖြစ်ပါက အရသာမဆိုးသည့် အားသာချက်သာ ရှိပါသည်။

– သတိပြုရန်မှာ မည်သည့်အမျိုးအစားကိုမျှ ပိုမထည့်ပါနှင့်။ အားလုံးကို ဆတူသာထည့်ပါ။ သုံးမျိုး စုံသည့်အခါ သမသည်အထိ နာနာမွှေပါ။
(မီးအပူပေးစရာ လုံးဝ မလိုပါ။ မွှေသည့်အခါ ကျယ်ကျယ်ဝန်းဝန်း မွှေ၍ရစေရန် အိုးအကြီး သုံးခြင်းသာ ဖြစ်ပါ၏။ အခြား ပန်းကန်လုံး၊ ခွက် စသည်ကို သုံး၍လည်း ရပါ၏။)

– ပျားရည် ၊ အရက်တို့ ရောနှောသမ သွားသည့်အခါ ရေစင်ခြောက်သွေ့သော ရေသန့်ဗူး အလွတ် (သို့) အဖုံးလုံသော ပုလင်း/ဗူးအတွင်းသို့ ထည့်ပြီး သဘာဝအတိုင်း ထားပါ။ (ရေခဲသေတ္တာအတွင်း ထည့်ခြင်း ၊ ရေခဲပုံးအတွင်း ထားခြင်း လုံးဝ မပြုရပါ)

အထူးသတိပြုရန်မှာ-

ဆေးဖော်စပ်သည့်အချိန်တွင် ပြင်ပရေ လုံးဝ မပါဝင်ပါက နှစ်ရာချီသည့်တိုင် သဘာဝအတိုင်း အဖုံးလုံအောင် ပိတ်ထားသော်ငြား မပုပ်မသိုးပါ။ ဤကား ဆေးဖော်စပ်နည်းနှင့် သိမ်းဆည်းနည်းတည်း။

ဆေးသုံးစွဲရန်

– လူထူထပ်သော နေရာများသို့ သွားရောက်ခဲ့ရပြီးသည့်အခါ။
– ကိုဗစ်သံသယလူနာများနှင့် ထိတွေ့မှု ရှိခဲ့သည့်အခါ ။
– အသက်ရှူကြပ်လာသောအခါ။
– ကိုယ်ပူလာသောအခါ။
– ထမင်းစားဇွန်း ၁ ဇွန်းမှ ၃ ဇွန်းစာခန့်အထိ မိမိခန္ဓာကိုယ် အရွယ်အစားအလိုက် ချင့်ချိန်သောက်သုံးပါ။

– ‌ချောင်းအဆက်မပြတ်ဆိုးသောအခါ ချောင်းစဆိုးသည်နှင့် ဆေးရည် ဟင်းရည်သောက်ဇွန်း ၁ ဇွန်းစာကို သောက်ချလိုက်ပါ၊ ချောင်းဆိုးရပ်သွားမည်။
အချိန်တစ်ခုရောက်ပြီးချောင်းပြန်ဆိုးပါက အထက်ပါအတိုင်း ၁ ဇွန်းထပ်သောက်ပါ။

– သတိပြုရန်မှာ

ဤ ဆေးသည် မနက်၊ နေ့လည်၊ ည စသည် သောက်ရသည့် ဆေးမျိုးမဟုတ်။ ချောင်းဆိုးသည်နှင့် သောက်ရသည့် နည်းစနစ်ဖြစ်သည်။

-အသက်ရှူရ ခက်ခဲနေသောသူများ ဤနည်းအတိုင်း ၁ ဇွန်းသောက်ပါ။ သောက်ပြီး အသက်ရှူရကောင်းလာလျင် သောက်စရာမလိုပါ။ (အသက်ရှူရ မကောင်းသေးလျှင် နာရီဝက်အကြာတွင် နောက် ၁ ဇွန်းထပ်သောက်ပါ)

-အသက်ရှူရ ခက်မှသာ သောက်ရမည် ဖြစ်သည်။ နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောကျယ်၊ အောက်စီဂျင်စက် ကူနေရသူများ အသက်ရှူရ ခက်ပါက တစ်ကြိမ်သောက်လျှင် ၁ ဇွန်း သုံးစွဲနိုင်ပါသည်။

– အသက်ရှူရ ပုံမှန်ဖြစ်နေချိန်တွင် သောက်ရန်မလိုပါ။

– ထိပ်ကပ်နာ သို့မဟုတ် နှာခေါင်းအရင်းတွင် နှပ်၊ အခြားအရည်တို့ဖြင့် ပိတ်ဆို့၍ နေရခက်၊ အနာဖြစ်၊ ပြည်တည်နေသူများ ဤနည်းအတိုင်း ၁ ဇွန်းသောက်ပါ။ ပျော်ကျလာပါလိမ့်မည်။ မပျော်ကျသေးပါက နောက်ထပ် ၁ ဇွန်းထပ်သောက်ပါ။

– တစ်ကြိမ်တွင် ၃ ဇွန်းစာထက် ပိုမသောက်သင့်ပါ။

– ‌နောက်တဖန် ပြန်ပြီး ပိတ်ဆို့လာလျှင်လည်း ဤနည်းအတိုင်း ထပ်သောက်ပါ။

– ဆေးပမာဏ ၁ ဇွန်းသည် စံ အနေဖြင့် ထားခြင်း ဖြစ်ပါ၏။

– လူကောင်ကြီးသူ၊ ဝသူ၊ ရောဂါ ပြင်းထန်သူတို့တွင် တစ်ကြိမ်သောက်သုံးရာ၌ ၃ ဇွန်းစာအထိ ရပါသည်။

– အရက်ပါသော်လည်းလုံးဝ မမူးပါ။

– ဤဆေးသည် ရဟန်းတော်များပါ ဆေးအဖြစ် မှီဝဲ၍ရပြီး အရက်ပါခြင်းကို လုံးဝ မေ့ပစ်အပ်သော ဆေးတစ်ပါးဖြစ်ပါ၏။

– အင်္ဂလိပ်ဆေး ၊ ဗမာဆေးများ သောက်သုံးနေသူများ ဤဆေးသောက်သုံးခြင်းကြောင့် ဓာတ်မတည့်၊ အဆိပ်အတောက်ဖြစ်မည်ကို လုံးဝ စိတ်ပူရန်မရှိပါ။

– စိတ်သန့်လိုပါက နာရီဝက်ခန့် ခြားပြီး အသုံးပြုနိုင်ပါသည်။ အမျိုးမျိုး အဖုံဖုံ ဆေးမျိုးစုံပြီး ချောင်းဆိုးမပျောက်သူများ ဤ ဆေးညွှန်းအတိုင်း အတိအကျသောက်ပါ။

Credit : Han Win Hlaing