ဝမ်းနှုတ်ဆေးစားရန်မလို ဆံပင်ဆေးဆိုးရန်မလို ခံတွင်းနံ့ လုံးဝမနံတဲ့ ဆေးနည်း

ပေါင်းတည်မြို့ ပုတီးကုန်းလမ်းမှ ကျောင်းအုပ် ဆရာကြီး ဦးစံချိန်၏ ဆေးနည်းလေးပါ။ ဝမ်းနုတ်ဆေး စားရန်မလို ဆံပင်ဆေးဆိုးရန်မလို ခံတွင်းနံ့ လုံးဝမနံ ဆေးနည်းကတော့ ကွမ်းရွက်နှင့် ဆားကို ပုံပါအတိုင်းစား ထမင်းစားပြီးတိုင်း စားပါ။

ခံတွင်းနံ့ လုံးဝမနံ စေရန် နောက်တစ်နည်း

ဒီနည်းကတော့ အလွယ်ဆုံးနည်းလမ်းပါ။ အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အရည်ညှစ်ပြီး သောက်ပေးပါ။ ဒါမှမဟုတ် အချဉ်ဓာတ်ပါတဲ့ အသီးကို ပါးပါးလှီးပြီး ရေထဲကို ထည့်ပေးပါ။

ရေခဲသေတ္တာထဲ တစ်ညသိပ်ပေးရင်တော့ ရေထဲကို ဗီတာမင်တွေ ရောက်သွားပါတယ်။ ဗီတာမင် စီပါတဲ့ သံပရိုသီး ၊ လိမ္မော်သီး ၊ ဘယ်ရီသီး တို့က ခံတွင်းမှာရှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

တကယ်လို ဆံပင်ဖြူနေရင် ပြန်နက်စေဖို့

၁။ ရှားစောင်းလက်ပတ်ကို ပါးပါးလှီးပြီ းအုန်းဆီထဲမှာ မီးအေးအေးနဲ့ အညိုရောင် သမ်းပြီး နွမ်းသွားသည်အထိ ကြော်။

၂။ ပြီးလျှင် အဖတ်များက်ို ဆယ်ယူပြီး ကျန်ရှိသော အုန်းဆီ သက်သက်ကို ကြက်သွန်နီ ထောင်း အရည်ညစ်ပြီး ရလာသော အရည်နဲ့ ရောပြီး ဦးရည်ပြားထဲ စိမ့်ဝင်သွားအောင် စိတ်ရှည်ရှည်နဲ့ လူးပေး။

ပြီးလျှင် ၁ နာရီ ၂ နာရီ ပေါင်းနှပ်ထား။ ပြီးလျင် ခေါင်းလျှော်ပစ်ပါ။

အကျိုး ကျေးဇူးကတော့ အံမခန်းဗျာ။ ဆံပင် အဖြူ ထပ်မထွက်။ ဖြူနေသော ဆံပင် တစတစနဲ့ အမဲရောင်သို့ ပြောင်း။ ဆေးဆိုးရ သက်သာပြီဗျို့။

Credit : မူရင်းရေးသားသူ