နှလုံးသွေးကြောကျဉ်းနှင့် ပန်းနာရင်ကြပ် အတွက်ဆေးနည်း

တစ်နေ့ ခင်မင်ရင်းနှီးနေသော အစ်မ တစ်ယောက်မှ မောင်လေးစိုင်းမင်းသန့် မင်းက တိုင်းရင်းဆေးနည်းတွေ တင်နေတာမို့ အစ်မတို့ မိသားစု လက်တွေ့ဆေးနည်းလေး ပြောပြပါ့မယ်။

ဟုတ်ကဲ့ခင်ဗျ အများအတွက် အကျိုးရှိတာပေါ့။ အစ်မ ကုသိုလ်ရတာမို့ ပြောပြပါခင်ဗျာ။

အစ်မရဲ့ အဖေက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေတာပါ။ အစ်မက ပန်းနာရင်ကြပ်ရောဂါ ဖြစ်တယ် ။ အာ့နဲ့ ပင်စိမ်းပင်နဲ့ရောဂါ ( 40 ) ဖတ်မိပြီး ပင်စိမ်းပင် ကလည်း အရံသင့်ရှိတာနဲ့ လက်တွေ့ဆေးအဖြစ်အသုံးပြု လိုက်တာ။

ပုံထဲကအတိုင်းပဲ အမရဲ့ အဖေရောဂါစဖြစ်တော့ အသက် ၆၇ – ၆၈အရွယ် လူကပိန်ပြီး ရင်ဘတ်ကအောင့် လူကနည်းနည်းလှုပ်လည်း မောတယ် ။

ပင်စိမ်းပင်ဆေးသုံးစွဲပြီး နှစ်လအကြာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အရင်လို ရင်ဘတ်အောင့်တာ မောတာတွေ မရှိတော့ဘူး။

စားကောင်း အိပ်ကောင်းနဲ့ မြင်တဲ့ အတိုင်း ကျန်းမာဝဖြိုးလာတာ လက်တွေ့ပါ ။ အစ်မလည်း အဖေ့လိုပဲ ပင်စိမ်းကို ဆေးအဖြစ်သုံးလိုက် တာ ပန်းနာရင်ကြပ် သက်သာခဲ့တယ် အရင်လို အင်္ဂလိပ်ဆေးဝါးတွေ မသုံးစွဲရတော့ဖူး လူလည်းအတော်နေလို့ကောင်းလာတယ်။

အဲ့ဒါကြောင့် ငါ့မောင်က တိုင်းရင်းဆေးတွေမျှဝေနေတော့ အများအတွက် အကျိုးရှိမယ့် ဆေးနည်းပါ အမတို့လက်တွေ့ သက်သာပျောက်ကင်းခဲ့တာပါ ။

နှလုံးသွေးကြောကျဉ်းနဲ့ ပန်းနာရင်ကြပ်အတွက် ဆေးနည်းကတော့ မခက်ပါဘူး။ စိတ်ရှည်ရှည်နဲ့ သေခြာလေး လုပ်ဆောင်ပေးဖို့ပါပဲ ။

ဆေးနည်း ။

ပင်စိမ်းပင် လက်တစုပ်ကို ရေသန့်စင်အောင် သေခြာဆေးပါ ။

ထို့နောက် ပင်စိမ်းရွက်သတ္တုရည်အကြမ်းပန်ကန်လုံးတစ်ဝက်ရအောင်ထောင်းပြီညှစ်ယူပါ ။

ပြီးရင် ရလာတဲ့ ပင်စိမ်းသတ္တုရည် အကြမ်းပုဂံ တလုံးခန့်ကို ပျားရည် ဟင်းစားဇွန်းတဇွန်းခန့် ထည့်ပြီးသောက်ပေးပါ ။ (သွေးတိုးမရှိလျှင် ဆားအနည်းငယ် ခပ်သောက်ပါ)

ဆေးထောင်းတဲ့အခါ ကျောက်ပျဉ်/ ကျောက်ငြုပ်ဆုံထဲ ထည့်မထောင်းပါနဲ့။ ကျောက်မှုန့်တွေ ပါတတ်လို့ပါ ။

အစ်မကတော့ သစ်သားစင်းတီးတုံး နဲ့အရိုးအရွက်တွေကို ထောင်းပီး အရည် ညှစ်ယူပါတယ်။ အရိုးအရွက် အကုန်ထောင်းပါ ။ ဒန်သတ္တု ငြုပ်ဆုံထဲလည်း ထည့်ထောင်းရင်အဆင်ပြေပါတယ် ။

ဆေးသောက်ပီး၂နာရီလောက်ဆို ရင်ခေါင်း ဝမ်းခေါင်း ပူလာတတ်ပါတယ်။ အစာတစ်ခုခုစားလိုက်ပါ။ စားပီး ရေအဝသောက်ပါ ။

သောက်စ (၁) ရက်(၂) ရက် ဝမ်းချုပ်သလိုဖြစ်မယ် ဘာမှ ကြောက်စရာ မလိုပါဘူး။ ရေသာများများသောက်ပေးပါ။ ပုံမှန်ပြန်ဖြစ်သွားပါမယ် ။

အစ်မရောဂါစဖြစ်ကာစ အသက်ရှူရင် လေသံကတရွှီးရွှီးနဲ့ နေ့ရောညပါ အိပ်မရဘူး။ အဖေနဲ့ အတူတူ ပင်စိမ်း သတ္တုရည်ကို သောက်လိုက်တော့ ချက်ခြင်း တရွှီးရွှီး လေသံတွေ ပျောက်သွားပြီး နေကောင်းလာတယ်။ ပထမ တစ်ရက်တော့ သောက်စမို့လား မသိဘူး ပိုကြပ်တာနဲ့ ဆားအနည်းငယ် ထည့်သောက်ပါတယ် ။

အဖေဆို ဖြစ်စက မရတော့ဘူးထင်တာ သူများတွေအေးခဲ စောင်ခြုံနေချိန် အဖေက ချွေးစေးတွေပြန်အသက်ရူ ကြပ်ပြီး မရတော့ဘူးလို့တောင် ထင်တာပါ။

အခုတော့ ပင်စိမ်းသတ္တုရည်နှင့် ပျားရည် အစွမ်းကြောင့် အဖေ့နှလုံးရောဂါနဲ့ အမရဲ့ပန်းနာရင်ကြပ် ရောဂါ လက်တွေ့ဆေးနည်းလေးမို့ စိုင်းမင်းသန့်ကို ပြောပြတာပါ ။

အဓိက အထက်ကပြောခဲ့တဲ့ အတိုင်း စိတ်ရှည်ရှည်နဲ့ ဆေးကို ပုံမှန်သောက်ပေးဖို့ ထပ်ပြောပါရစေနော်။

ဆေးနည်းကို ပြောပြပေးသော အစ်မရွှေခြံသူ မအိမ်ကံကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။

Credit : Chit Min Thu