အားအင် ကုန်ခမ်းပြီး အိပ်ရေးမဝသလို မူးဝေသလို ဖြစ်နေသူများအတွက် ဆေးနည်း

အားအင် ကုန်ခမ်းသလို ဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလို ဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ။

“အားအင်ကုန်ခမ်း မောပန်း နွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကို သက်သာ ပျောက်ကင်းစေသည့် ကြက်ဥသံပုရာဆမ်း ဆေးတစ်ခွက်”

အလုပ်ပင်ပန်းလို့ ဖြစ်ဖြစ်၊ အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာ ပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။

ပါဝင်ပစ္စည်းတွေကတော့ (1) ကြက်ဥအစိမ်းတစ်လုံး၊ (2) သုံပုရာသီး အမှည့်တစ်လုံး၊ (3) သကြားဖြူ ဟင်းစားဇွန်း နှစ်ဇွန်းတို့ကို ဖောက်ထည့် ရောမွှေပေးပါ။ သံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။

ပါဝင်ပစ္စည်း အားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေ ပြီးသောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာဖြစ်ပါတယ်။ ဒီဆေးနည်းက ကျွန်တော့် ဖခင်ပေးတဲ့ရိုးရာဆေး တစ်လက်ဖြစ်ပါတယ် ။

သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီးသုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက် သူတွေအတွက်လည်း အားဆေးတစ်လက်ပါ။။

Credit : Original Writer