ဆီးချို သွေးတိုး နှလုံး အစာအိမ် အူလမ်းကြောင်း ရောဂါကို ကာကွယ်နိူင်တဲ့ တဇောင်းဖူး (သို့) ပဒုမ္မာဖူး

အညာဒေသ မိုးခေါင်ဒေသ အရမ်းပေါပါတယ်။ ဆေးဖတ်ဝင်မှန်း ခုမှသိတယ်။ အညာမှာ အခုချိန်အရမ်းပေါတဲ့ ရာသီစာလေးပါ။

ထဇောင်းဖူးကို အလည်ကခွဲ ဝတ်ဆံတွေထုတ် ကြိုက်သလိုလှီးပြီး တနေလောက် လှန်းထားပါ။ နေလှန်းထားတဲ့ ထဇောင်းဖူးလေးတွေကို ရေဆေးစစ်ထားဒယ်အိုးမှာ ဆီပါးပါးထည့် ခရမ်းချဉ်သီးကို အနှစ်ချ ငပိ ပုစွန်ခြောက်မှုန့် နဲနဲထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးကြော်၊ ငရုတ်သီးလေး ကြိတ်ထည့် ပြီးရင် ထဇောင်းဖူးထည့် အပေါ့အငံထည့် ရပြီ သူ့အရသာကတော့ မှိုလေးလိုပေါ့ ။

ဆေးဖက်ဝင်တဲ့အပွင့်
– ဆီချိုရောဂါကို ကာကွယ်ပေးနိုင်တယ်။
– သွေးတိုရောဂါ ကာကွယ်ပေးနိုင်တယ်။
– နှလုံး ရောဂါ ကာကွယ်ပေးနိုင်တယ်။
– အပွင့်ကိုပြုတ် အရည်သောက်ပါ။
– ဆီးချို သွေးချိုရောဂါကို ပျောက်ကင်နိုင်ပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Credit : Original Writer