ခြေဖဝါး ဆားနင်းခြင်းရဲ့ ကျန်းမားရေး အကျိုးကျေးဇူးများ

အဲ့ဒါလေးကတော့ ဆားကြမ်းလေးနင်းတာပါပဲ ။ ဆားကြမ်း ၂ ပိဿာလောက်ဆို တစ်လလောက် အသုံးပြုလို့ ရပါတယ်။ နေ့စဉ် အချိန်မှန် ရေချိုးခါနီးတိုင်း ဆားနင်းရင် ကိုယ်တွင်းအောင်း အပူတွေ ထွက်စေသည်။

ညဘက် နင်းပုံနင်းနည်းကတော့ မနင်းခင် ခြေထောက်ကို ပေါင်ရင်းကစပြီး ရေလောင်း ဆေးပါ။ ခြောက်သွေ့အောင်သုတ်ပါ။ ( ဆား ၂ပိဿာဆို ပိုကောင်း ) ဆန့်တဲ့ ဇလုံကြီးထဲ ထည့်ပြီး နင်းပါ။

နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က ချွေးများ ထွက်လာတာ တွေ့ရပါမယ်။ မိနစ် ၃၀ ၊ ၄၀ – ၁ နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့ မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ။ ခြေထောက်ကို လုံးဝ ( လုံးဝ ) ရေပြန်မဆေးရပါ။ ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ။

ပထမနေ့မှာ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်။ အကြောပြေ ခြေကျဉ် ထုံနာတွေ ပျောက်ကင်း ခြေကွဲခြင်းမရှိ ဆံပင်မကျွတ်တော့ပဲ နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေ သန်လာမည်။ ကျန်းမာခြင်းကို ရရှိစေမှာပါ။

( နံနက်ရေမချိုးမီ ဆားနင်းခြင်းအကျိုး )

(၁) မလိုအပ်သောအပူအောင်းနေသောအခိုးအငွေ့များ ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်သည်။

(၂) ကျောက်ကပ်တွင်အပူခိုခြင်းမှကာကွယ်၍ ဆီးလမ်း ကြောင်းကိုလည်း အကျိုးပြုသည်။

(၃) ကြာကြာနင်းလျှင် ခါးမှအပူများဆင်းသဖြင့် ခါးနာ သက်သာစေနိုင်သည်။

(၄) အထိုင်များသူ ကားမောင်းသူများအတွက် အညောင်းရောဂါ အကြောပိတ်၊ အကြောတင်းခြင်း များမှ ကာကွယ် နိုင်သည်။

(၅) မျက်စိအာရုံစိုက်ရသူများ မျက်မှန်တပ်ရသူများအတွက် မျက်စိကြည်စေပြီး စွဲမြဲလုပ်လျှင် မျက်စိဒီဂရီကျပြီး မျက်မှန်လွတ်စေနိုင်သည်။

(၆) ဆံပင်ကျွတ်သူများ၊ ဆံပင်ပါးသူများ၊ ဆံပင်နှစ်ခွ ကွဲခြင်းများ သက်သာစေသည်။

(၇) ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ မျက်ရည်ကျသူများ မျက်ရည် လမ်းကြောင်းပိတ်သူများအတွက်လည်း အကျိုးရှိစေနိုင်သည်။

(၈) သားအိန်လမ်းကြောင်းပိတ်၍ သားသမီးမရသူများ သားသမီးရစေနိုင်သည်။

(၉) အမျိုးသား ဆီးကျိတ်ရောဂါရှိသူများ ဆီးကျိတ်ကြီးခြင်းမှ ကာကွယ်နိုင်သည်။

ဆားနင်းခြင်းကို နံနက်အိပ်ယာထ ညအိပ်ယာဝင် နှစ်ကြိမ် ပြုလုပ်နိုင်သည်။ ခွက်တွင် ဆားနှစ်ပိဿာအနည်းဆုံး ထည့်ရပါမည်။ ပြီးလျှင် ရေမစိုအောင် အုပ်ထားပါ။ တစ်လခန့်ကြာမှ ဆားအသစ်လဲပေးလျှင် ရပါသည်။ ဆားနင်း၍ ကုမရသော ခေါင်းကိုက်ရောဂါ၊ ခါးနာရောဂါများ ပျောက်ကင်းနိုင်ပါတယ်။

Credit : မူရင်းရေးသားသူ