
သက်ရင်းကြီးမြစ် ဆိတ်ရိုး လိမ်းပေးရင် အရိုးအဆစ်အမြစ်ကိုက်အတွက် ( ဒေါက်တာအောင်နိုင် – ဆေးသုတေသန ) ဆေးနည်းမှအစွမ်းထွက်ပြီးသိသူများကြပါတယ် ။ ယခုဆေးနည်းမှာလူသိနည်းသဖြင့်ဖေါ်ပြပေးလိုက်ပါတယ် လက်တွေ့ဖြစ်သူများအမှန်ပျောက်ကင်းခဲ့တဲ့ဆေးနည်းပါ ။
တလောကရွာမှ သူငယ်ချင်းအိမ်ရောက်တော့သူ့ရဲ့မိခင်မှာ အိပ်ယာထဲတကျွတ်ကျွတ်ညဉ်းနေသဖြင့် ဘာဖြစ်တာလည်းမေးမိလိုက်ရာ ဆန်အိပ်ပိုင်းကိုမလိုက်မိပြီး ခါးမှာဂျွတ်ခနဲဖြစ်သွားသည်။ ညရောက်တော့ခါးကကိုက်လာပြီးနောက်နေ့ထိုင်ရာကမထနိုင်တော့ပဲ ယခုလိုဖြစ်နေတာပါဟု သူငယ်ချင်းမှပြောပြလေသည်။
ကျွန်တော်က သင်္ဘောရွက် ညဖက်ခါးကိုပတ်ပြီးအပေါ်က အဝတ်တစ်စ စည်းပြီး မနက်မှဖြေပေးပါလို့အကြံပေးလိုက်ပါသည်။ ယနေ့သူငယ်ချင်းအမေကိုတွေ့တော့ အဒေါ်နေကောင်းလား ခါးနာတာဘယ်လိုနေသေးလည်းဟုမေးမြန်း နုတ်ဆက်လိုက်သည်။
အေး ငါ့တူကြီး နေကောင်းတယ် ခါးနာလည်း ပျောက်ပြီကွဲ့ဟု ပြန်ဖြေလေသည်။ ဝမ်းသာအားရဖြင့် ကျွန်တော်က သင်္ဘောရွက် ခါးစည်းတာလား အဒေါ် ။
အေး သင်္ဘောရွက်လည်း ခါးစည်းတယ် ဦးလေးကြီးတစ်ယောက်က ကြောင်ပန်းပင်အမြစ်နဲ့ ဆိတ်ရိုးကို ကျောက်ပျဉ်မှာ သံပုယိုသီးနဲ့ သွေးပြီး လူးဖို့ ဆေးနည်းပေးတယ် ။
အိမ်နာမှာက ကြောင်ပန်းပင်ကလည်း အဆင်သင့်ရှိတော့ မင်းသူငယ်ချင်းကိုတူးခိုင်းပြီး စျေးထဲက ဆိတ်ရိုးနဲ့ သံမယိုသီးဝယ်ပြီး လူးလိုက်တာ သုံးရက်အတွင်း ကိုက်ခဲနာကျင်နေတာအကုန်သက်သာလို့ ငါလည်းဝမ်းသာနေတာပါကွယ်။
ဒါဆိုကျနော် အခုဆေးနည်းကို အများအတွက် ဖေ့ဘုတ်ကနေ ပြန်မျှဝေအုံးမယ်ခင်ဗျာ။
အေးသားလေး ကောင်းတယ်ကွဲ့ အဒေါ်လက်တွေ့ပါပဲလေ သာဓု သာဓု သာဓုပါကွယ်။
ကျွန်တော့် အဒေါ်တစ်ယောက် ဒူးနာပြီးပေါင်ကိုက်နေသည်မှာ ကြာပြီ လွန်ခဲ့သော သုံးရက်ကအိမ်လာတော့ ယခုဆေးနည်းအတိုင်း လိမ်းဖို့တိုက်တွန်းလိုက်သည် ။
မနက်ကလမ်းမှာတွေ့တော့ သူအရင်က သူ့အိမ်အပေါ်ထပ်သို့ မတက်နိုင်သောဒူး ယခုဆေးနည်းအတိုင်း ည/ မနက် လူးလိုက်ရာ အိမ်ပေါ်ထပ်တက်နိုင်ကြောင်းနှင် ဒူးနာနှင့် ပေါင်ကိုက်နေသည်မှာ အတော်သက်သာကြောင်း ဆက်လည်း လူးမည်ဖြစ်ဟု ဝမ်းသာအားရ ပြောပြပြီး မုန့်ဖိုးငါးထောင် အတင်းပေးသွားပါ၏။
” ဆေးနည်း ”
ကြောင်ပန်းပင် အမြစ်ကို စျေးမှဆိတ်ရိုးနှင့် ကျောက်ပြင်မှာ သံမယိုသီး အရည်ဖြင့် ခါး / ပေါင်း / ဒူး / ခြေသလုံးတို့အား အသားထဲစိမ့်နေအောင် လူးပေးရန်သာဖြစ်ပါသည်။
အားလုံး ကျန်းမာခြင်းသုခ၊ ချမ်းသာခြင်းသုခများကို ပိုင်ဆိုင်ပြီး အေးချမ်းပျော်ရွှင်နိုင်ကြပါစေ။
Credit : မူရင်းရေးသားသူ