တော်တော်များများ သတိ မထားမိကြတဲ့ အိမ်နိမိတ် (၁၂) ချက်

(၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ်။

(၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနိမိတ်ပါ။

(၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိူးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။

(၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက် အဆိပ်မိတာမျိူး ဖြစ်တတ်ပါတယ်။

(၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်။

(၆) အိမ်ထဲမှာ လုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။

(၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာ မစိုက်ပါနဲ့။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ်ပါတယ်။

(၈) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာဘေး မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ရင်းကြည့်မရအောင် လွှဲချိတ်ထားပါ)

(၉) မနက်အိပ်ယာ မသိမ်းပဲ မထားပါနဲ့။ ညတော်တော်နဲ့ အိပ်မပျော် ဖြစ်တတ်ပါတယ်။

(၁၀) တိရစ္ဆာန်န် အစစ်တွေရဲ့ အရေခြံ၊ အရိုး၊ ဦးခေါင်း စတာတွေနဲ့ အိမ်ကို အလှမဆင်ပါနဲ့။ ကံညံနေတတ်တယ်။

(၁၁) နံရံမှာ လှေကား ထောင်ရက် မထားပါနဲ့။ အမူအခင်းကြုံ၊ စွပ်စွဲ ခံရတတ်ပါတယ်။

(၁၂) တစ်အိမ်တည်း ဘုရားစင် နှစ်နေရာ ခွဲမထားပါနဲ့။ သားသမီးတွေ ကံညံတတ်ပါတယ်။

Credit : မူရင်းရေးသားသူ