စိန် အတု အစစ်ကို အကြမ်းအားဖြင့် အလွယ် ခွဲခြားနည်း

စိန် အတု အစစ်ကို အကြမ်းအားဖြင့် မိမိ ကိုယ်တိုင် ဒီလို ခွဲခြားလို့ ရပါတယ်။

– စိန်ကို ရေထဲနစ်ပြီး စမ်းသပ်ကြည့်ပါ။ စိန်အစစ်က သိပ်သည်းဆမြင့်သောကြောင့် ရေအောက်ထိ မြုပ်သွားရင် စိန်အစစ်ဖြစ်ပြီး မမြုပ်ပဲ ပေါ်နေတယ်ဆိုရင်တော့ အတုလို့ ယူဆလို့ရပါတယ်။

– စိန်ကို အာငွေ့ရိုက်နည်းဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။ စိန်အစစ်မှာ အပူကို အလျင်အမြန်စုပ်ယူနိုင်သောကြောင့် အာငွေ့မှာ ချက်ချင်း ပျောက်သွားပြီး အနည်းငယ်ကြာမှ ပျောက်သွားရင်တော့ အတုဖြစ်နိုင်ချေ များပါတယ်။

– စာအုပ်ကိုနောက်မှာထားပြီး စိန်ကိုကွယ်ပြီး ဖတ်ကြည့်ပါ။ စိန်အစစ်မှာ အလင်းယိုင်စေတတ်လို့ စာများဖတ်လို့ရမှာမဟုတ်ပဲ စာများဖတ်လို့ရနေသေးရင်တော့ အတုလို့ ယူဆလို့ရပါတယ်။

– စာရွက်အဖြူ တစ်ရွက်ပေါ်မှာ အမဲရောင်အစက်ချပြီး အဲ့အစက်ပေါ်မှာ စိန်အပြားကို ကပ်ပြီး အချွန်ဘက်ကနေ ကြည့်ကြည့်ပါ။ စိန်အစစ်မှာ အလင်းယိုင်လို့ အစက်ကိုမြင်ရမှာမဟုတ်ပဲ မြင်နေရသေးပါက စိန်အတုလို့ ယူဆနိုင်ပါတယ်။

Credit : မူရင်းရေးသားသူ