အိမ်မှာရှိတဲ့ လှေကားတွေကို “မ” ဂဏန်းထားရခြင်း အကြောင်းအရင်း

လှေကားစုံ မထားရလို့ ကြားဖူးကြမှာပါ။ လှေကားစုံထားရင် ခိုက်တတ်ပါတယ်။ ဘာကြောင့်ခိုက်လဲဆိုတာက လူ့သဘာဝကြောင့်ပါ။ လူဆိုတာ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်း ပြန်ဆုံးတတ်ပါတယ်။

ဥပမာ ညာခြေနဲ့ စလှမ်းရင် ညာခြေဆီ ဘယ်ခြေလာပြီး အဆုံးသတ်ပါတယ်။ ညာနဲ့စရင် ညာနဲ့ ဆုံးပါတယ်။ အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့ ဆုံးပါတယ်။ မယုံရင် ကိုယ့်ဘာသာ တမင်သက်သက် လုပ်မယူပဲ လှမ်းကြည့်ပါ။

ညာနဲ့စ ညာနဲ့ဆုံးလို့ ခြေလှမ်းရေ အရေအတွက်က “မ” ဖြစ်ပါတယ်။ ဘယ်နဲ့စလည်း အတူတူပါပဲ။ အဲဒါကြောင့် လှေကားထစ်တွေ “မ” သာ ထားတာပါ။ စုံထားရင် တလှမ်းလိုနေလို့ အပေါ်တက်တဲ့အခါ ခြေထောက်က အလိုအလျောက် လှမ်းမိပြီး ဟန်ချက်ပျက်ပြီး ချော်ကျနိုင်ပါတယ်။

အောက်ဆင်းတဲ့အခါ ကြမ်းပြင်ပေါ် ရောက်နေတာကို နောက်ထပ်လှမ်းမိလို့ ဟန်ချက်ပျက်ပြီး မှောက်လဲတတ်ပါတယ်။ အဲလိုလဲရင် ထိခိုက် ဒဏ်ရာ ရပါတယ်။ အဲဒါ ခိုက်မိတာပါပဲ။ အဲလို ခိုက်မိတာကို လှေကား စုံထားရင် ခိုက်တယ်ဆိုပြီး စကားက ကားသွားတာပါပဲ။

Credit : မူရင်းရေးသားသူ