အိမ်ဆောက်ရာတွင် လှေးကား ဘယ်နှစ်ထစ် ထားရမလဲ မသိသူများအတွက်

လူသိနည်းလှတဲ့ လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာ မျှဝေပါတယ်။ ရှေ့ထုံးလည်း မပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့ စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ် ဆောက်ရာတွင်း အဓိက အရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ…။

ရှေးကျမ်းဆရာတို့သည် “စုံ” “မ” နှစ်ခုလုံး တပ်ကောင်း၏ဟု ဆိုသည် လက်သမား ကျမ်းဆရာတို့က “မ” ကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ “စုံ” တပ်သည်လည်း ရှိတယ် ။
“မ” တပ်သည်လည်း ရှိပါတယ်။ အဘယ်ကြောင့်ဆိုသော်….။

ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊ လာဘ သု ခ မရဏ] တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။

#ပထမထစ်က လာဘ
#ဒုတိယထစ္က သုခ
#တတိယထစ်ကမရဏ
#လာဘက လာတ်လာဘ ပေါများခြင်း။
#သုခက ကြွယ်ဝချမ်းသာခြင်း။
#မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။

#လာဘက– ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်
#သုခက– ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်
#မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ်
စသည်ဖြင့်တပ်ဆင်ကြပါတယ်။

အိမ်အနေအထား

မင်္ဂလာသား အနေအထားအလိုက် လုပ်ဆောင်ကြပါတယ်။ တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့ သတ်မှ လုပ်ဆောင်ကြပါတယ်။

# ၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊
# ၂ထစ် လာတ်လာဘ ပေါများခြင်း၊
# ၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။

တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ် ဆန်းဆိုသလို ဒေသအလိုက် ကွဲလွဲကြတာ ရှိကြပါတယ်။

# အိမ်လှေခါးကို ၃ထစ်ထားသော် ဒုက်ခံ မရဏံ ကြုံ စေပြန်၏။
# တစ်ထစ်ထားသော် ကောင်းစားစေတက်၏။
# ရှစ်ထစ်ထားလျှင် မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍
ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။
# ကိုးထစ်ထားလျှင် လာဘ်လာဘ ပေါကြွယ်ဝတက်၏။
# ၁၂ထစ်ထားသော် ကျန်းမာရေး ကောင်းမွန်စေ၍ ရန်သူမျိုးငါးပါးမှ ကင်းစေ၏။

တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။

Credit : မူရင်းရေးသားသူ