ထူးဆန်းတဲ့ အစွမ်း သတ္တိတွေရှိတဲ့ သိဒ္ဓိဝင် “ဂျိုးအမြုတေ” အကြောင်းနှင့် စမ်းသပ်နည်း

“ဂျိုးအမြုတေ” ဆိုသည်မှာ ဂျိုးငှက်၏ ဥပင်ဖြစ်၏။ သို့ရာတွင် အခြားဥများနှင့် မတူ၊ သာမန်ဥများသည် ဥပြောက်များဖြစ်ပြီး အမြုတေဥသည် အဖြူ ဗြောင်ဖြစ်၏။

အမြုတေ ထွန်းနိုင်သော ဂျိုးငှက်သည် အခြားဂျိုးငှက် များနဲ့ မတူသော သဘာဝရှိပြီး အသိုက်ပြုလုပ်ရာတွင်လည်း၊ အခြားဂျိုးငှက်များကဲ့သို့ အပင်များ၊ အကိုင်းများအထက်ဝယ် အသိုက်ပြုလုပ်၍မရှိဘဲ သစ်ခေါင်းများ၊ ခြုံပုတ်များအတွင်း၌သာ အသိုက်ပြုလုပ် နေထိုင်ကြလေသည်။

ဂျိုးအမြုတေသည် အထူးသဖြင့် ကာယသိဒ္ဓိ ပြီးစီးစေသည်။ မီးကွင်း လေသည်။ ဂျိုးအမြုတေသည် ခွဲ၍မရ၊ အလွန်မာကျော၏။ အမြုတေဥထွန်းထားသော ခြုံပုတ်ထဲရှိ ဂျိုးငှက်၏ အသိုက်သည် တောမီးလောင်သော်လည်း ယင်းအမြုတေရှိသော ဂျိုးငှက်၏ အသိုက်ခြုံပုတ် အနီး ဆယ်ပေခန့် အထိ မီးများမရောက်နိုင်ဘဲ မီးကွင်းနေတာကို တွေ့ရှိခဲ့ကြသော ကိုယ်တိုင်တွေ့ ဖြစ်ရပ်များလည်း ရှိခဲ့ပေသည်။

ထိုကြောင့် ဂျိုးအမြုတေသည် မီးဖြင့် ပြုလုပ်ထားသော ဒါး၊ လှံ၊ သနတ်၊ ကျည်စသည်ပစ္စည်းများ၏ အစွမ်းသတ္တိအား ပယ်ဖျက်စေနိုင်သော အစွမ်းရှိသည့်အတွက် ဂျိုးအမြုတေဆောင်သူသည် ကာယသိဒ္ဓိပြီးစီးသည်ဟု ဆိုနိုင်ပေသည်။

ဂျိုးအမြုတေစစ် ၊ မစစ်စမ်းသပ်နည်း အချို့နည်းများသည် ဂျိုးအမြုတေအား လက်သမားသုံးကိုက်တံဖြင့် ညှပ်၍ ဆယ်ပေါင်တူဖြင့် ထုခြင်း…စ သော နည်းမျိုးစုံဖြင့်စမ်းသပ်ကြသည်။ အောက်ပါနည်းမှာ အလွန်လွယ်ကူ၏။

ကြွေပန်းကန်လုံး တစ်လုံးအတွင်း ရေအနည်းငယ်ထည့်၍ ဂျိုးအမြုတေ ဥ၏ အပြင်နံရံနှင့် ကြွေပန်းကန်၏အတွင်းနံရံတို့ ပွတ်တိုက်ပေးပါက နို့နှစ်ကဲ့သို့ အဖြူရည်များ ကြွေပန်းကန်၏ အောက်ခြေသို့ စီးကျလာမည်၊ ထိုသို့ စီးကြလျှင် အမြုတေဥ စစ်၏။

အဆိုပါ အဖြူနှစ်အရည်များကို ရေနှင်ဖျော်၍ မျက်စိနာခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်ကြောကိုက်ခြင်း၊ မျက်စိတိမ်ကွယ်ခြင်း များကို နေ့စဉ် နှစ် ကြိမ်မျှမျက်စဉ်းခတ်ပေးခြင်းဖြင့် လျှင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။

ဂျိုးအမြုတေသည် ကျည်မထွက်၊ ကာယပြီး၊ လာဘ်ရွှင်စီးပွား တက်စေသောကြောင့် သိဒ္ဓိ ဝင် အဆောင် ဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါသည်။

Credit : Original Writer