ဂျပန်ကလေးနှင့် မြန်မာကလေး ကွာခြားချက် (မဖတ်ရသေးသူများအတွက်)

၁။ ဂျပန်က ကလေးတွေ လေးလံလှတဲ့ ကျောင်းသုံး ကျောပိုးအိတ်ကြီးတွေ လွယ်ပြီး ကိုယ်တိုင် ရထားစီး၊ ကားစီးပြီး ကျောင်းတက်နေရချိန်မှာ မြန်မာက ကလေးများ ကုန်းပိုးစီးပြီး ကျောင်းတက်ကြတယ်။

၂။ ဂျပန်က ကလေးများ မူလတန်းမှာ အလှည့်ကျ စားဖိုဝင် နေရချိန်မှာ မြန်မာက မူလတန်းကလေးများ နောက်က ထမင်း လိုက်ခွံ့နေရတယ်။

၃။ ဂျပန်က မူကြိုကလေးတွေ အများသုံး အိမ်သာမှာ ကိုယ့်ဂျိုကိုယ်ထုတ်ပြီး ရှုးရှုးပန်းနေချိန်မှာ မြန်မာက ကလေးတွေ “ရှူး ရှူး” ဆိုပြီး ဘောင်းဘီ မစိုအောင် သေးတည် နေရတယ်။

၄။ ဂျပန်က ကလေးတွေ ခြေခေါက်လဲ၊ စက်ဘီးလဲ တဲ့ အချိန်မှာ( မိဘက ရပ်ကြည့်နေပါတယ် ကူပြီးမထူပါဘူး) ကိုယ့်ဟာကိုယ် ထ ရပါတယ်။ မြန်မာက ကလေးများ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ “ဟဲ့သားလေး/ဟဲ့ သမီးလေး” ဆိုပြီး အရင် သည်းသည်းလှုပ်ကြတယ်။

၅။ ဂျပန်က ကလေးတွေ “ဆရာမ အခုသင်တာ ကျွန်တော် ဘာမှ မသိဘူး …ပြန်ရှင်းပြပါ” တောင်းဆိုရဲတဲ့ အချိန်မှာ မြန်မာက ကလေးများ … “ဟဲ့ ငါစာသင်တုန်းက ကောင်းကောင်း နားမထောင်ဘူး နောက်တခါ အဲ့လို အမေးမြန်းထူရင် အရိုက်ခံရမယ်” ….ကြိမ်းမောင်းခံနေရတယ်…။

၆။ မြန်မာက ကလေးတွေ …. “ဟှောင့် ယီးလားလို့ ဆဲလိုက်စမ်း” သင်ပေးနေချိန်မှာ ဂျပန်က ကလေးတွေကို ခါးကုန်း ဦးညွှတ်တာ သင်ပေးနေကြတယ်။

၇။ မြန်မာက ကလေးတွေကို ပတ်ဝန်းကျင်က ချစ်လို့ဆိုပြီး ငိုအောင်၊ စိတ်မတို တိုအောင် စနေချိန်မှာ ဂျပန်က ကလေးတွေ ဂိမ်းတစ်ခုခု ပေးဆော့ပြီး “မင်း လုပ်နိုင်ခဲ့ပြီ ဆိုတဲ့ စိတ်” မွေးပေးနေကြတယ်။

၈။ မြန်မာက ကလေးများ သားရေ… လမ်းထိပ်က ဆိုင်မှာ အရက်တစ်လုံး သွားဝယ်စမ်းကွာ…. ခိုင်းတဲ့ အချိန်မှာ … ဂျပန်က ကလေးတွေ သဘာဝဘေး (ငလျှင်လှုပ်၊ မုန်တိုင်းတိုက်၊ ဆူနာမီ ) လာမယ့် အချိန်မှာ အစာ ရေစာနဲ့ ဆေးဝါး ဘယ်လိုရယူရမယ်၊ အသက်ဆက်ဖို့ ဘယ်လိုနည်းတွေ ရှိတယ်ဆိုတာ ကို သင်ပေးနေကြတယ်။

၉။ ‘သား ရေ… က စမ်းကွာ က က’ ဆိုပြီး ဆောင်းဘောက်စ်သံ အကျယ်ကြီးဖွင့် မြှောက်ပေးနေချိန်မှာ …ဂျပန်က ကလေးတွေ ‘ပတ်ဝန်းကျင်မှာ ဆူညံခြင်းမပြုဖို့ ကိုယ့်ကြာင့်သူတပါး အနှောက်ယှက် မဖြစ်ဖို့ သင်ပေးနေကြတယ်။

၁၀။ မြန်မာက ကလေးတွေကို “ရန်ဖြစ်ရင် မင်းက အရင်ဦးအောင် လုပ်ခဲ့နော်… ခံလာရရင် မင်းကို အရင်ရိုက်မှာ… ခံမလာရစေနဲ့” သင်ပေးနေတဲ့ အချိန်မှာ ဂျပန်က ကလေးတွေ ‘လူနဲ့ လူ့ပတ်ဝန်းကျင်ကို ဘယ်လို သဟဇာတ ဖြစ်အောင် နေရမယ်၊ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်’…. ဆိုတာ သင်ယူနေကြရတယ်။

ကဲ…..ဘယ်သူတွေ ၊ ဘာများ လွဲနေကြသလဲ…..။

Credit : မူရင်းရေးသားသူ