အောက်ဆီဂျင် အိုး​တွေကို ဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်

အောက်ဆီဂျင် အိုး​တွေကို ဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။

၁။​ အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​ အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။ ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။ မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​နော်။

၃။​ လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဥ်ရပါမယ်။

၄။ အရေးအကြီးဆုံးကတော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။ လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​ အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

​သတိရှိနိုင်ကြပါ​စေ။

Credit to Original Owner