လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင် ဖြစ်ပေါ်လာသည့် အချက်များ

လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင် ဒီအချက်တွေ ဖြစ်လာပါတယ်။

၁။ လောဘ၊ ဒေါသ၊ မောဟတွေ အရင်ကထက်ပိုပြီး ကြီးလာတတ်ပါတယ်။ အရင်ကထက် ထစ်ခနဲရှိ စိတ်တိုနေပြီဆိုရင် သတိထားပါ။ ကံညံ့တော့မယ်လို့ ပြတာပါပဲ။

၂။ မကောင်းတဲ့ ကိစ္စရပ်တွေကို ကောင်းတယ်လို့ မြင်လာတတ်ပါတယ်။ ဥပမာ အရင်က အရက်သိပ်မသောက်ဖြစ်ဘူး ဆိုပါတော့၊ ကံညံ့တော့မယ်ဆိုရင် အကြောင်းပြချက် မရှိ,ရှိအောင်လုပ်ပြီး အရက်ခဏခဏ သောက်ဖြစ်တာမျိုး၊ မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၃။ ဆိုဆုံးမတဲ့ စကားတွေကို နာခံဖို့ ခက်ခဲလာတတ်ပါတယ်။ လူကြီးမိဘတွေက ဆုံးမရင် မနာခံဘဲ ထင်ရာလုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိထက် ပညာအားဖြင့် ကြီးမားသူတွေရဲ့ ဆုံးမမှုကိုလည်း စိတ်ထဲမှာ အလေးမထား၊ မလိုက်နာတတ်ဘဲ ဖြစ်နေတတ်ပါတယ်။

၄။ အပျော်အပါး ပိုပြီး မက်လာတယ်။ အရင်က အပျော်အပါးကို ကြုံမှလုပ်တတ်ပေမယ့် ကံညံ့တော့မယ်ဆိုရင် အပျော်အပါးဘက်ကို အချိန်ပိုပေးလာတတ်ပါတယ်။

၅။ အပြောင်းအလဲ တစ်စုံတစ်ရာ ကြုံတတ်ပါတယ်။ ပြဿနာတတ်တာမျိုး၊ အစွပ်စွဲခံရတာမျိုး၊ မတောတဆအသေးစား ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

မကောင်းတဲ့ ကံအညံ့တွေ ဘယ်လိုဖျောက်မလဲ။

ဘုရားစင် သန့်ရှင်းရေးလုပ်ပါ၊ တစ်နေ့ (၃)ခါ သောက်တော်ရေ လဲပါ၊ ဘုရားပန်းများကို လန်းလန်းဆန်းဆန်းထားပါ။ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်မြတ်တွေကို အာရုံပြုပြီး မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို နှလုံးသွင်းဆင်ခြင်ပြီး အချိန်ရသလောက် ရွတ်ဖတ်ပူဇော်ပါ။ အလေ့အကျင့်လုပ်ပြီး တရားထိုင်ပါ။

ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း မိမိရဲ့ ကိုယ်စောင့်နတ်က စပြီး မိမိ အနီးအနားမှာရှိနေတဲ့/ စောင့်ရှောက်နေတဲ့ အစောင့်အရှောက် နတ်မင်းတွေ အပါအဝင် (၃၁) ဘုံမှ ဝေနေယျသတ္တဝါ အပေါင်းတို့ကို အမျှအတန်း ပေးဝေပါ။ မကောင်းတဲ့ ကံတရားတွေနဲ့ ကြုံလာတဲ့အခါ စိတ်ညစ်နေရင် ပိုဆိုးသွားနိုင်ပါတယ်၊ အဲ့ဒီလို မဖြစ်ရအောင် သတိရှိရပါမယ်။ မူရင်းရေးသားဝေမျှသူအား ကျေးဇူးတင်ပါသည်

Credit : မူရင်းရေးသားသူ