အမျိုးသမီးများ သီလရှင် ဝတ်ရခြင်း အကျိုး

သီလရှင် ဝတ်ခြင်းသည် ဗုဒ္ဓစာပေတွင်
၁။ ဥပသမ်ပဒ ပဗ်ဗဇ်ဇ
၂။ သာမဏရပဗဗွေဇဇွ
၃။ ဣသိပဗ္ဗဇ္ဇနှင့်
၄။ ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။ ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။

သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။

အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။

ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာ လူတို့ ဆောက်တည်နိုင်ခဲသော ၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန် သင်အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများ နေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။

ဘဝပေါင်းများစွာက လင်ယူသားမွေး လောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိနယ်ပယ်တွင် ကျင်လည်ရာ ကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင် မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။

သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။ ဒါ့ကြောင့် သီလရှင်ဝတ်ခြင်းမှာ အကျိုးကျေးဇူး များလှပါသည်။

ပြီးတော့ မိန်းကလေးတစ်ဦး အနေဖြင့် မိမိ၏ အလှအပ အနေအားဖြင့် ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်ခြင်းသည်ပင် အလွန်ခဲယဉ်းသော ကိစ္စဖြစ်၍ ပစ္စည်းဥစ္စာရတနာတွေကို စွန့်ပစ်ရသကဲ့သို့ နိက္ခမပါရမီ တစ်မျိုးပင်ဖြစ်သည် ။

ထို့နောက်မှာတော့ ဖန်ရည်သင်္ကန်း ဆင်မြန်းပြီး လူတို့ စောင့်ထိန်းနိုင်ခဲသော ၈ ပါး ၉ပါး စတဲ့သီလတွေကို စောင့်ထိန်းရတော့မှာပင်ဖြစ်သည်။ ဗုဒ္ဓရဲ့စာပေပရိယတ်တွေကို သင်အံပို့ချနိုင်မည်လည်းဖြစ်သည်။

ဘဝပေါင်းများစွာက လင်ယူ သားမွေးကိစ္စတွေနှင့် အချိန်ကုန်ခဲ့သမျှ ဘုရားသာသနာတော်ရောက်မှ တရားဘာဝနာတွေနှင့် တွေ့ခိုက် မဂ်ရေး ဖိုလ်ရေး နိဗ္ဗာန်အရေးကို တွေးနိုင်မည်လည်း ဖြစ်သည် ။

တချို့က သီလရှင်ဆရားလေး ဆရာကြီးများကို လူတို့နှင့် တန်းတူပုံစံမျိုး အနေထားနှင့် ဆက်ဆံကြသည်။ ကန်တော့စရာ မလိုဘူးဟုပင် တွေးထားသူများလည်း တွေ့ဖူး မြင်ဖူး ကြုံဖူးသေး၏ ။

အမျိုးသမီး တစ်ဦးဟာ သီလရှင်ဝတ်တော့မည်ဆိုရင် ရဟန်း (သို့မဟုတ် ) သီလရှင် ဆရာကြီးဆီမှာ
၈ ပါး ၉ ပါးစတဲ့သီလတွေကိုအရင်ဆောက်တည်ပြီးမှ အရင်သီလယူပြီးမှသာလျှင် ဝတ်နိုင်သည်။ သီလရှင်ဖြစ်သွားပြီဆိုတာနှင့် လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သေခိယ ၇၅ ပုဒ်စတဲ့ စာပေတွေကို စောင့်ထိန်းပြီး စတင်သင်အံရတော့မည်ဖြစ်သည်။

တချို့ ယောကျာ်းသားများက ပြောသေးသည် သီလရှင်ဆိုတာကလည်း မိန်းမထဲက မိန်းမပါပဲ။ ငါတို့က ယောက်ျားလေးပဲ ရှိခိုးစရာမလိုပါဘူး အရိုသေပေးစရာ မလိုပါဘူးဟု ဆိုကြသည် ။ မိန်းကလေးရှိခိုးရင် ဘုန်းကံနိမ့်တယ်ဟုပင် တချို့သော သူများ ထင်ကြလေသည်။ ကိုယ်စောင့်ထိန်းတာက ငါးပါးသီလလောက်နဲ့ ၈ ပါး ၉ ပါး စောင့်ထိန်းနေသော သူများကို မလေးမစား ပြုမူစရာမလိုပေ ။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ ထိုဂုဏ်ရည်တွေနှင့်ပင် သီလရှင်ဆရာလေး ဆရာကြီးများကို ရှိခိုးသင့် / မသင့် ဆိုတာနှင့် တန်းတူထားခွင့်ရှိ /မရှိဆိုတာကို သိနိုင်ပေမည် ။

ထို့ကြောင့် သီလရှင်ဆရာလေး ဆရာကြီးများကို တန်းတူထာခြင်း မရိုမသေပြုခြင်း မရှိခိုးခြင်းများ မပြုလုပ်မိပါစေနှင့် တချို့လူတွေ မလေးမစားနဲ့ ပြုမူ ဆက်ဆံတာများကို မြင်တွေ့ရတော့ များစွာ စိတ်ပျက်စရာ ဖြစ်ရသည် ။

သီလရှင်ဆရာလေး ဆရာကြီးများကို ကြည်ညို လေးစားနိုင်ကြသူများ ဖြစ်ကြပါစေ။

ဆရာလေးပညာ့ဝတီ
27.2.2021 (သာသနာ့ဘောင်ဝင်သည်)