အစိမ်းလဲ ဒီအရောင် အမှည့်လဲ ဒီအရောင်ပဲဖြစ်တဲ့ ဗန္ဓရသရက်သီး (သို့မဟုတ်) နတ်သရက်သီး

ဒီသရက်သီးရဲ့ အမည်ကတော့ ဗန္ဓရ သရက်သီးလို့ ခေါ်ပါတယ်။ နတ်သရက်သီးပေါ့။ အလွန်ရှားပါးတဲ့ သရက်သီးမျိုးပါ။

ဟိုပင်မြို့ နန့်ရင်းရွာမှာ တစ်ပင်ရှိပါတယ်။ ပိုင်ရှင် အမည်တော့ ကျွန်တော်လဲ မသိတော့ဘူး။ အိမ်တော့ မှတ်မိတယ်။

ဒီသရက်သီးရဲ့ ထူးခြားချက်ကတော့ အစိမ်းလဲ ဒီအရောင် အမှည့်လဲ ဒီအရောင်ပါ။ မှည့်ရင်တော့ သူရဲ့အနံ့က အရမ်းကိုမွေးတယ်။ အရမ်းလဲ ချိုပါတယ်။ သရက်မျိုး ရချင်သူများ နန့်ရင်းရွာမှာ သွားရောက်စုံစမ်းနိုင်ပါတယ်။

Credit : Original Writer