မြန်မာပြည်ရဲ့ ဗုဒ္ဓအလိုတော်ကျ ဓမ္မကထိက ဆရာတော်ဘုရားကြီး တစ်ပါးကို ညွှန်ပြပါဆိုလျှင်

မြန်မာပြည်ရဲ့ ဗုဒ္ဓအလိုတော်ကျ ဓမ္မကထိက ဆရာတော်ဘုရားကြီး တစ်ပါးကို ညွှန်ပြပါဆိုလျှင်

ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက
တွဲဖက်ရွှေကျင်သာသနာပိုင်
အဘိဓဇမဟာရဋ္ဌဂုရု
အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသမဟာထေရ်
(ပါချုပ်ဆရာတော်ဘုရားကြီး) ကို ညွှန်ပြရပါလိမ့်မည်။

ဆရာတော်ဘုရားကြီးရဲ့ ပြည်တွင်း ပြည်ပ ဟောတရားများကို နာဖူးသလောက် ဘုရားရှင်ရဲ့အာဘော် အဆုံးအမတော်ကနေ လွတ်နေတဲ့ဟောပြောမှုများ မပါသလို ဝေနေယျများစွာ သတ္တဝါတို့၏ ချမ်းသာစီးပွားတို့ကိုသာ လိုလားတောင်းတတော်မူသည့် စေတနာ မေတ္တာ အာသီတတော်များဖြင့်သာ ဟောကြား ဆုံးမတော်မူနေတာကို အမြဲဖူးတွေ့ခဲ့ရပါသည်။

ဆရာတော်ဘုရားကြီးရဲ့ ကာယိနြေ္ဒတော်ဟာလည်း တရားပွဲတွေတိုင်းမှာပဲ ဖြစ်ဖြစ် သာသနာရေး ဘာသာရေး အခမ်းအနားတွေမှာပဲ ဖြစ်ဖြစ် နေရာမရွေး အမြဲတည်ငြိမ် အေးချမ်းနေတဲ့ အသွင်ကို ဖူးမြင်ရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ နှုတ်တော်ထွက် အသံတော်ဟာလည်း အလွန်အေးချမ်းလှပြီး မဟာကရုဏာတော် ဓာတ်တွေ အပြည့် လွှမ်းခြုံနေတာကို ခံစားရပါသည်။

ထိုကဲ့သို့ ပညာပြည့်ဝ နှလုံးလှတော်မူသော ဆရာတော် ဘုရားကြီးတွေ များစွာ ရှိနေပါသေးသည်။

Credit : Than Lwin